(Ep-19)

4.8K 294 4
                                    

ည ၇နာရီခွဲအချိန်၊ဂေဟာနောက်က ရေကန်
မှာ ဇာနည် ခြေလက်ဆေးကျောနေတယ်။
ပြီးနောက် ကြောင်အိမ်လှေခါးကနေ အပေါ်
ထပ်အခန်းကိုဇာနည်ပြန်တက်လာခဲ့တယ်။

နှစ်ဆန်းနှစ်ရက်နေ့ ၊ မနက်ပိုင်းထဲက ထိုက်
တို့အတွဲ ဦးစိုးငယ်ကိုနှုတ်ဆက်ပြီးမြို့ပေါ်
ကို ပြန်သွားခဲ့ပါပြီ။ ထိုက် တို့ မရှိတော့ ဂုဏ်
ကိုလည်း ကိုယ့်အခန်းကိုယ်ပြန်အိပ်ဖို့ ဇာနည်
ပြောခဲ့တယ်။ တဇွတ်ထိုးလုပ်တက်တဲ့ ဂုဏ်
က ဇာနည် စိတ်ဆိုးပြီး စာမသင်ပေးတော့မှာ
ကြောက်လို့ အထွန့်မတက်ရဲခဲ့ပါ။ အရင်လို
ထွန်းလတ်၊ညိုဇော်တို့နဲ့ အတူ သုံးယောက် ၁
ခန်းပြန်သွားနေခဲ့တယ်။ ဒါကြောင့် ဇာနည်
အခန်းထဲပြန်ရောက်တဲ့အခါ ဘယ်သူမှ ရှိမနေ
တော့ပါ။ တိတ်ဆိတ်နေပြီး အခန်းရဲ့ ဖွဲ့စည်း
ပုံကလည်း ထိုက်တို့ မရောက်ခင်တုန်းကလို ကု
တင်နှစ်လုံးကို ထောင့်တစ်ဖက်တစ်ချက်ဆီ
ပြန်ကပ်ထားတယ်။

တင်း...ဒင်း... ဒင်... 📲
တင်း...ဒင်း... ဒင်... 📲

ရုတ်တရက် အိပ်ယာဘေးရှိစားပွဲပေါ်တွင်
တင်ထားသော ဖုန်းမြည်သံကြောင့်
ဇာနည် လန့်သွားခဲ့သည်။ ထို့နောက် စားပွဲ
အနားခပ်မြန်မြန် လျှောက်သွားကာ
ဖုန်းကောက်ကိုင်ကြည့်လိုက်၏။ နံပါတ်အ
စိမ်း ဖြစ်နေ၍ ဇာနည် ခဏ တွေဝေ
သွားခဲ့သည်။ သို့သော် သူဖုန်းရတာက ၁ ပ
တ်ကျော်လောက်သာ ရှိသေးတာကြော
င့် နံပါတ်အစိမ်းဟူ၍လဲ ပြောမရပေ။ ထို့
ကြောင့် ဇာနည် ဘယ်သူဘယ်ဝါဆိုတာ
သိရအောင်  ဖုန်းလက်ခံကိုင်လိုက်သည်။

"ဟယ်လို... "

"ဟယ်လို ... အစ်ကိုမွေ့"

တစ်ဖက်ကပြန်ဖြေလာတဲ့ တစ်စုံတစ်ယောက်
ရဲ့အသံကိုကြားပြီး ဘယ်သူလဲနှစ်ခါ
မေးစရာမလိုအောင် ဇာနည်တန်းသိသွားခဲ့တ
ယ်။ ဘာဖြစ်လို့လဲဆိုတော့ သူ့ကို အစ်
ကိုမွေ့ ဆိုတဲ့ နာမ်စားသုံးပြီး ခေါ်တဲ့သူက ဒီက
မ္ဘာမှာ ဂုဏ်နတ်ရှိန် တစ်ယောက်ပဲ ရှိ
တာမို့ပါ။

"ဂုဏ်နတ်ရှိန်
မင်း ငါ့ဖုန်းနံပါတ်ကို
ဘယ်လိုသိတာပါလဲ"

"အစ်ကိုမွေ့ရယ်... ဒီခေတ်ကြီးမှာ
လူတစ်ယောက်ရဲ့ဖုန်းနံပါတ်
သိဖို့ဘယ်လောက်ခက်မှာမို့လို့လဲ"

ကျွန်တော်ချစ်သော အစ်ကို "မွေ့" (Complete)Where stories live. Discover now