အပိုင်း (၁၆) သော့ခတ်ထားလို့ မရတဲ့ အတိတ်တွေ (၂)

130 24 0
                                    

အမာရွတ်များ မပျောက်သေးခင် သူက ပြန်လှည့်ကြည့်မိသည်။

  အိုက်ကျင်ချုးသည် ထွက်ခွာသွားသည့် သူမ၏နောက်ကျောပြင်အား ကြည့်ရင်း ရုတ်တရက် နှလုံးသားအောက်ခြေ၌ တစ်စုံတစ်ရာသည် စုံပုံလာသည်ကို ခံစားလိုက်ရကာ ထိုအရာက သူ၏သွေးများမှ တဆင့်ခြေလက်များဆီသို့ ပျံ့နှံ့သွားခဲ့သည်။

သူက တစ်နေရာထဲတွင်ရပ်နေခဲ့ပြီး အတွေးများနေခဲ့ကာ သက်ပြင်းကို တိုးတိုးလေးချလိုက်တော့သည်။

"ကျိန်းလီ"

အိုက်ကျင်ချူး သူမအားအော်ခေါ်လိုက်၏။

   သူမက ခြေလှမ်းကိုရပ်လိုက်ပြီး သူ့အား ထူးဆန်းသည့် ပုံစံဖြင့်လှည့်ကြည့်ကာ ဆက်ပြောလာမည့် စကားအား စောင့်မျှော်နေသည်။

"အခု ဧည့်ရိပ်သာမှာ အခန်းရှိလောက်သေးလား"

သူက ပြောလိုက်သည်။

ကျိန်းလီမှာ အနည်းငယ်ရှုပ်ထွေးသွားပြီး အဘယ်ကြောင့် သူကရုတ်တရက် ဒီမေးခွန်းကို ​မေးသည်ကို နားမလည်ပေ။

"ကောင်တာကို သွားမေးကြည့်ရင် သိရလောက်တယ်"

"သွားကြတာပေါ့"

သူက သူမ၏ ဦးတည်ရာသို့ လျှောက်လှမ်းလိုက်၏။

"ကျွန်မကို တကယ် နောက်တစ်ကြိမ်ထပ်လိုက်ပို့ပေးဖို့ မလိုတော့ဘူး။မဟုတ်ရင် ကျွန်မရှင့်ကို ဒုက္ခတွေပဲ ပေးမိနေတော့မှာ"

ကျိန်းလီက ပြောသည်။

"မင်းရဲ့ ကိစ္စနဲ့မဆိုင်ဘူး။ ကျွန်တော် ဆက်မသွားနိုင်တော့လို့ပါ"

အိုက်ကျင်ချုးကပြောလိုက်၏။

ကျိန်းလီသည် ထိုစကားကိုကြားလျှင် ပါးစပ်အဟောင်းသား ဖြစ်သွားတော့သည်။သူ၏ အခြေအနေမှာ ဤမျှအထိ ဆိုးနေလိမ့်မည်ဟု မထင်ထားမိခဲ့ပေ။ သို့သော် ထပ်စဥ်းစားကြည့်လိုက်တော့ သူအားဆက်၍ ဂရုစိုက်သည့် စကားများ ပြောရန်လည်း အဆင်မပြေတော့။ယောကျ်ား၊မိန်းမ ကွာခြားချက်ရှိသည်။ဤမျှဆို လုံလောက်ပေပြီ။ သိပ်ပြီး ဂရုစိုက်ပြမိလျှင် တစ်ဖက်လူအား စည်းကိုကျော်လာသည်ဟု တွေးထင်သွားစေမိလိမ့်မည်။သူမ မလုပ်နိုင်ပေ။

ဖုန်မှုန့်ကမ္ဘာကြီးထဲမှာ (世界微尘里)Nơi câu chuyện tồn tại. Hãy khám phá bây giờ