PART-7

1.6K 193 127
                                    

UNICODE

" ကင်မ်ထယ်ယောင်းရှီ~ အာရုံတွေထွေပြားနေပါရောလား "

" မဟုတ်တာ...ဒီအတိုင်း ခဏလေညင်းခံနေမိတာပါ "

" အော်~~ "

ရှုတင်အတွက်လေ့ကျင့်ရန်စာသားများကိုသောင်ပြင်ကအမိုးအောက်တွင်ထိုင်ဖတ်ကာလေ့ကျင့်ဖို့ပြင်နေတဲ့ထယ်ယောင်း။ မန်နေဂျာဟိုဆော့ရဲ့ရှင်းပြသံတွေကိုနားထဲမဝင်နိုင်လောက်အောင်အကြည့်အာရုံတွေကတစ်နေရာထဲမှာစုနေမိတယ်။

" ဟိုဘက်ခဏသွားအုံးမယ် "

" ရားရား ထယ်ယောင်း...ဟူးး ငါအလုပ်ထွက်ချင်လာပြီ "

တီရှပ်အဖြူရောင်နဲ့ဂျင်းဘောင်းဘီဒူးတိုကိုရိုးရိုးရှင်းရှင်းသာဝတ်ဆင်ထားတဲ့ဂျောင်ကုကထယ်ယောင်းမျက်လုံးထဲမှာတော့အရမ်းကိုလှနေလေတယ်။ ဂျောင်ကုရှိရာဘက်ကိုခြေဦးတည့်လာတဲ့ထယ်ယောင်းက နောက်ကဟိုဆော့ရဲ့အခြေအနေတော့မသိတော့။ သေချာတာကတော့ ဒီနေ့လည်းအလွဲလွဲတွေဖြစ်အုံးမယ်ဆိုတာတော့သိနေမိတယ်။

ဂျောင်ကုကိုမြင်တိုင်းစချင်မိတဲ့စိတ်ကထိန်းမရ။စိတ်တိုပြီးဆတ်ဆတ်အထိမခံပြန်စွာတတ်တဲ့ပိစိလုံးလေးရဲ့ပုံစံကိုသူအရမ်းသဘောကျနေမိတာ။ ဒါကြောင့်လည်းဉာဏ်နီဉာဏ်နက်တွေထုတ်ပြီးတော့ကိုတစ်နေ့တစ်မျိုးစီစနေမိတာ။

"  အဟွန်း... ဒီနေ့နေသာတယ်နော် "

" သူ့ဘာသာသာနေတာလေ "

Sunglass ကိုထုတ်တပ်ပြီးအုန်းပင်အောက်တွင်ငုပ်တုပ်သွားထိုင်လေတဲ့ဂျောင်ကုနောက်ကိုထယ်ယောင်းကလည်းလက်နောက်ပစ်ရင်းလိုက်သွားလေကာသူပါရောပြီးထိုင်နေလေရဲ့။

" သွားစရာနေရာမရှိဘူးလား "

" အုန်းပင်အောက်ကအရိပ်ရတယ်လေ အားးးအေးနေတာပဲနော်ပြီးတော့ "

အပျင်းကြောဆန့်ပြီးဂျောင်ကုရဲ့ပေါင်ပေါ်ခေါင်းတင်လှဲလိုက်တာကြောင့်ဂျောင်ကုတစ်ယောက်ပါးစပ်အဟောင်းသားလေးဖြစ်သွားရရှာတယ်။

" ဘာလုပ်တာလဲ ဖယ် "

" ခဏလောက်လှဲနေချင်လို့ "

ONE+TWO=Winner//VK✔Where stories live. Discover now