Prologue

218 12 4
                                    

Unicode

တစ်စုံတစ်ယောက်ရဲ့ အငယ်အနှောင်း မဖြစ်စေနဲ့ လို့မေမေက မှာခဲ့ဖူးတယ် မောင်...

ဟျောင်းကို မောင့်ရဲ့ အငယ်အနှောင်းအဖြစ်နဲ့တော့ မထားနဲ့ပေါ့...


Jeon Jungkookဆိုတဲ့ မောင်ကလေ...
Park Jiminဆိုတဲ့ မောင့်ရဲ့hyungတစ်ယောက်ကိုသာ ချစ်ဖို့အတွက် မွေးဖွားလာသူမလို့...
မောင့်ဘဝမှာ မောင့်ရဲ့ဟျောင်းကသာ ပထမဆုံးနဲ့ နောက်ဆုံးချစ်ရသူမလို့...
နောက်ထပ်ဆိုတာလည်း စကားလုံးအနေနဲ့တောင်
မောင့်အတွက် ရှိလာတော့မှာမဟုတ်တာမလို့...
အငယ်အနှောင်းဆိုတာဖြစ်မလာစေရဘူးလို့ ကတိပေးတာမလို့...
မောင့်ကိုပဲ ယုံပေးပါ ဟျောင်းရယ်...


⋆ ˚。⋆୨୧˚ ˚୨୧⋆。˚ ⋆

"သဘက်ခါဆို...မောင်က လက်ထပ်တော့မှာပေါ့နော်"

ရပ်ကွက်ထဲက ကလေးကစားကွင်းလေးထဲမှာရှိတဲ့ ခုံတန်းရှည်လေးပေါ်မှာထိုင်နေသည့် လူနှစ်ယောက်ထဲမှ တစ်ယောက်က ငိုချင်နေတဲ့သူ့ရဲ့စိတ်ကို ထိန်းပြီး အံကြိတ်ကာဆိုလေတယ်...

"ဟျောင်း..."

ခုံတန်းပေါ်မှာထိုင်နေတဲ့ နှစ်ယောက်ထဲက ကျန်တဲ့လူတစ်ယောက်က သူ့ရဲ့ချစ်ရသူအား အသံဖျော့ဖျော့လေးနဲ့ပဲ ဆိုလာပြန်တယ်။

"မင်းသေချာစဉ်းစားပါ Jungkook...
ကြားထဲမှာ အချိန်တစ်ရက်ကျန်ပါသေးတယ်..."

"မောင်... မောင်လို့ပဲခေါ်ပါ။
မောင်လို့ပဲ သုံးပြီး မင်း/Jungkook ဆိုတာကြီးကို မသုံးပါနဲ့ ကျေးဇူးပြုပြီး..."

"ငါကတော့ အငယ်အနှောင်းတစ်ယောက်အဖြစ်နဲ့ မနေနိုင်တာမလို့ သေချာစဉ်းစားပါ မောင်..."

မောင့်ရဲ့ ဟျောင်းက အငယ်အနှောင်းဖြစ်ရမှာ သိပ်ကြောက်တဲ့သူပါမောင်...

*မောင့်ကိုပဲ ယုံပေးပါ* ဆိုတဲ့စကားကို အကြိမ်ကြိမ်ပြောပြီး ဟျောင်းကို မျှော်လင့်ချက်တွေပေးခဲ့တယ်။

အခုတော့ ယုံရမယ့်အခြေအနေမဟုတ်တော့ဘူး မောင်...

သဘက်ခါဆိုရင်ပဲ မောင်က လက်ထပ်တော့မယ့်ယောကျ်ားတစ်ယောက်...

First & LastWhere stories live. Discover now