Unicode
"ငါတို့ လမ်းခွဲကြမလား..."
မောင် မျက်ရည်တွေနဲ့ပင် ဟျောင်းကို ကြည့်မိသည်။
ဟျောင်းဘက်က ဒီလိုစကားမျိုးကြားရလိမ့်မယ်လို့ သူမထင်ထားမိ...။"ဟင့်အင်း ဟျောင်း"
"ငါကတော့ အငယ်အနှောင်းတစ်ယောက်အနေနဲ့ မနေနိုင်ဘူး ဂျောင်ကု..."
"မောင်...မောင် မနက်ဖြန် မေမေတို့ကိုပြောပြပြီး လက်ထပ်ပွဲကိုရအောင် ဖျက်မှာမလို့ ကျေးဇူးပြုပြီး...ကျေးဇူးပြုပြီး မောင့်ကိုယုံကြည်ပေးပါ ဟျောင်းရယ်...
မောင်လေ...မောင် မနက်ဖြန်ပဲ မေမေတို့ကို တကယ်ဖွင့်ပြောပြမလို့ပါ။ဘယ်လိုလုပ်ပြီး အဲ့ဖိတ်စာက...အဲ့ဖိတ်စာက ဟျောင်းလက်ထဲရောက်သွားလဲ မသိပေမယ့် ဟျောင်းသိသွားရင် စိတ်မကောင်းဖြစ်နေမှာဆိုးလို့ မောင်...မောင် မပြောပြမိခဲ့ရုံပါ။ကျေးဇူးပြုပြီး မောင့်စကားကိုယုံပါနော်"
မောင်ဟာ ငိုနေရင်းပင် ချစ်ရတဲ့ဟျောင်းအား အထင်မလွဲအောင်ရှင်းပြလေတယ်။
"မောင်...ဟျောင်းနဲ့အတူတူ အဝေးကိုထွက်ပြေးကြရအောင်နော်။ဟျောင်းနဲ့အတူ...ဟျောင်းနဲ့အတူတူ တဲလေးထိုးပြီးပဲဖြစ်ဖြစ် နှစ်ယောက်တည်း ဘာကိုမှဂရုမစိုက်ပဲ ပျော်ပျော်ရွှင်ရွှင်လေးနေသွားကြမယ်လေနော်..."
ဟျောင်းက စိုးရိမ်စိတ်တို့နဲ့အတူ မောင့်လက်လေးနှစ်ဖက်ကို ကိုင်ကာ ဆိုလေတယ်။
ဟင့်အင်း...မေမေတို့ကိုပြောရင် ရလောက်မှာပါ။
သူတို့ထွက်ပြေးသွားလို့ မေမေတို့နဲ့ယူဂျင်းတို့ပါ အရှက်ရသွားတာမျိုး...၊မေမေတို့က သူချစ်ရတဲ့ဟျောင်းကို စိတ်ခုသွားတာမျိုးလည်း သူ မလိုချင်...။"မေမေတို့ကိုပြောရင် ခွင့်ပြုမှာပါ ဟျောင်းရယ်...။
မနက်ဖြန် သေချာပေါက် မောင်ဖွင့်ပြောမှာမလို့ ကိစ္စတွေအကုန်ပြီးသွားရင် ဟျောင်းကိုမေမေတို့နဲ့ပေးတွေ့ပြီး မောင်နဲ့အတူတူ ပျော်ပျော်ရွှင်ရွှင်နဲ့ နေသွားကြမယ်လေနော်။မောင့်ကိုယုံပါ ဟျောင်းရယ်..."မောင်က ထပ်ပြီးယုံကြည်ပေးဖို့ ဆိုကာ ဟျောင်းရဲ့ကိုယ်လေးကို ရင်ခွင်ထဲဆွဲထည့်လေတယ်။