Part 1

2K 123 11
                                    


Part 1      5 May 2022

Unicode

Ring Ring Ring…

အိတ်ကပ်ထဲမှ ဖုန်းရဲ့ တုန်ခါမှုကြောင့် ခွန်းစဝ်မဟာမောင် တစ်ယောက် ကားကို လမ်းဘေးချရပ်လိုက်ပြီး အိတ်ကပ်ထဲက ဖုန်းကို အလောတကြီး ဆွဲထုတ်ကာ ကိုင်လိုက်သည်။

"စော်ဘွားလေး သူ့ကိုတွေ့ပြီ"

တစ်ဖက်က စကားကြောင့် မဟာမောင်ရဲ့ မျက်လုံးအစုံက တောက်ပသွားပြီးနောက်

"နေရာကိုပြော အခုချက်ချင်း ငါလာခဲ့မယ်"

ထို့နောက် ဖုန်းကို ကမန်းကတမ်းချလိုက်ပြီး ကားကို ဦးတည်လိုက်သည်မှာ မြို့စွန် ထင်းရှူးတောသို့။

5နှစ်တာ ခွဲခွာမှုအပြီး ခင်ပွန်းဟောင်း ဖြစ်သူနှင့် ပြန်ဆုံတွေ့ရတော့မည် ဖြစ်၍ မဟာမောင်တစ်ယောက် ရင်တလှပ်လှပ်ခုန်ရင်း ခြေလှမ်းများကို ခပ်သွက်သွက် လှမ်းလာမိသော်လည်း စောင်ပါးပါး လွှမ်းခြုံထားသော အေးစက်စက် အလောင်းတစ်ခုကသာ စောင့်ကြိုနေ၏။

မဟာမောင်အလာကို စောင့်ကြိုနေသော လက်အောက် ငယ်သားအချို့မှာ ခေါင်းပင် မဖော်ရဲကြ။မဟာမောင် တစ်ယောက် ထင်းရှူးပင်ကြီးအောက် စောင်အုပ်ထားသည့်နေရာသို့ တရွေ့ရွေ့ တိုးသွားရင်း ဒူးထောက်ချကာ စောင်ကို မ ဖို့ ပြင်လိုက်စဉ်

"စော်ဘွားလေး သူဌေးက တော်တော်လေးကို ရုပ်ပျက်ဆင်းပျက်…"

တဖြည်းဖြည်း တိုးဝင်သွားသော လက်ထောက်ဖြစ်သူရဲ့ စကားကြောင့် မဟာမောင် ဇောချွေးများ ပျံလာကာ တဆတ်ဆတ် တုန်ယင်လာသည်အထိ။ဝဲကျလာသော မျက်ရည်စများကို ပုတ်ထုတ်လိုက်ပြီး စောင်ကို ဆွဲဖွင့်လိုက်သောအခါ…

အမြဲတစေ တောင့်တောင့်ဖြောင့်ဖြောင့်နှင့် နှုတ်ခမ်းနီမလေးတို့ အသဲစွဲ ခန္ဓာကိုယ်မှာ အရိုးပေါ် အရေတင်သာ ကျန်တော့သည်အထိ ပိန်ကပ်နေပြီး တစ်ကိုယ်လုံးတွင် အညိုအမဲစွဲကာ ဒဏ်ရာမရသည့်နေရာ ဟူ၍ မရှိ။

သိမ်းငှက်တစ်ကောင်လို စူးရှနေတတ်သော မျက်ဝန်းတစ်စုံမှာ ပြူးကျယ်စွာ ပွင့်ဟလျက်ရှိပြီး အမြဲလို ခပ်ထေ့ထေ့ ပြုံးနေတတ်သည့် နှုတ်ခမ်းပါးမှာလည်း ကွဲအက် စုတ်ပြတ်လျက်။

Let's see in Next lifeWhere stories live. Discover now