(Uni)
ခတ္တာလမ်းနှင့် ဇီဇဝါလမ်းသွယ် ခြံအမှတ်(301) မှာနေတဲ့ ဒေါ်ငွေရီတစ်ယောက် အပေါ်ထပ်သို့ ကပျာကယာသွား၍ အခန်းတစ်ခန်း တံခါးပေါက်ဝမှာ ရပ်နေသည်။
*ဒေါက် ဒေါက် ဒေါက်*
"သားလေး တိမ်တိုက်ရေ မင်းမထသေးဘူးလား...မင်း အောင်စာရင်း သွားကြည့်ရမှာလေ"
ဒေါ်ငွေရီရဲ့ စကားသံကြောင့် အခန်းထဲမှာရှိတဲ့ တိမ်တိုက်တစ်ယောက် ကပျာကယာနဲ့ ထလာပြီး အခန်းတံခါးကို ဖွင့်တော့သည်။
"အမေ ဘာတွေဆူညံနေတာလဲ"
"ဒီနေ့ အောင်စာရင်းထွက်တဲ့နေ့လေ တိမ်တိုက်ရယ်..မင်း အောင်စာရင်း သွားမကြည့်တော့ဘူလား"
"အာ...ဟုတ်သားဘဲ အမေ ကျွန်တော် မေ့နေတာ"
ထိုအခါမှ တိမ်တိုက် အခန်းထဲသို့ပြန်ဝင်ပီး ရေချိူးခန်းတံခါးကို အလျင်စလို ဖွင့်ပြီး မျက်နှာသစ် သွားတိုက်၍ အဝတ်စားလဲပြီး အခန်းအပြင်သို့ ထွက်ခဲ့တော့သည်။
တိမ်တိုက် အောက်ထပ်သို့ရောက်သော်
"သား တိမ်တိုက် မင်း မနက်စာ မစားသွားတော့ဘူးလား"
"မစားတော့ဘူ အမေရေ နောက်ကျနေပီ"
"အော်...ဒီကလေးနှယ့်နော်"
...............
အမှတ်(၈) အခြေခံပညာ အထက်တန်းကျောင်းရဲ့ ကျောင်းဝန်းထဲမှတော့ အောင်စာရင်း လာကြည့်တဲ့ ကျောင်းသားတွေနဲ့ ပြည့်နှက်နေခဲ့သည်။
တိမ်တိုက်ကတော့ ထိုလူအုပ်ကြားထဲ တိုးဝှေ့ပီး သူ့ရဲ့အောင်စာရင်းကို ကြည့်ဖို့ စိတ်အားထက်သန်နေသည်။
စိတ်အားထက်သန်နေတဲ့ တိမ်တိုက်ကတော့ ဘာကိုမှ မမြင်ဘဲ လူတစ်ယောက်နဲ့ ဝင်တိုက်မိတော့သည်။
*ဘုတ်*
"ဆောရီးပါ အကို ကျွန်တော် မမြင်လိုက်လို့"
"ရတယ်...ရတယ်.. ညီလေး"
ထိုစကားသံကိုကြားပြီး တိမ်တိုက်ကတော့ ၁၀တန်းကျောင်းသားတွေရှိတဲ့ အောင်စာရင်းဘုတ် ရှိရာဘက်သို့ အပြေးအလွှားသွားတော့သည်။