Unicode
ထယ်ယောင်း သူငယ်ငယ်တုန်းက လိပ်ပြာလေးတွေကို လိုက်ဖမ်းရတာကို အရမ်းသဘောကျခဲ့တာ။ နွေရာသီကျောင်းပိတ်ရက်တွေရောက်တိုင်း အမေရိကမှာရှိတဲ့ ဦးလေးတို့ဆီမှာသွားနေတတ်သည်။ လိပ်ပြာတွေကို စုဆောင်းပြီးအလှထားတတ်တဲ့ ဦးလေးဟာ သူနဲ့အတိုင်ပေါက်အညီဆုံးပင်။
ရာသီစက်ဝန်းတွေကုန်ဆုံးလို့ ဦးလေးသည် အသက်ကြီးလာပြီး အိပ်ရာထဲလဲနေတဲ့အခါ အမြဲပြောဖူးသည်။ သူဒီလိပ်ပြာလေးတွေကို ချစ်လို့ဖမ်းထားပါတဲ့၊ ဒါပေမယ့် သူနောင်တလည်းရပါတယ်တဲ့လေ။ မှန်ဘောင်ထဲမှာ အသက်မဲ့နေတဲ့ အရောင်အသွေးစုံလင်တဲ့လိပ်ပြာလေးတွေဟာ တစ်ခါတစ်ရံ သူ့ကို လာခေါ်နေတယ်လို့လည်း တဖွဖွပြောတတ်သေးသည်။
နောက်ဆုံးထွက်သတ်ထိတောင် ဦးလေးပြောသွားတဲ့စကားက...
" ထယ်ယောင်း...ဦးလေး မှားသွားပြီထင်တယ် " ဟူ၍ပင်။ ဦးလေးဆုံးပါးသွားတုန်းက သူသည် ဆယ်ကျော်သက်သာရှိသေးသည်။ ထို့ကြောင့် ဦးလေးရဲ့ စကားအဓိပ္ပာယ်တို့ကိုလည်း သူနားမလည်ခဲ့ပါချေ။
ထိုအချိန်မှ ၍ ထယ်ယောင်း၏ နွေရာသီအားလပ်ရက်များသည် တက္ကသိုလ်စာမေးပွဲအတွက် စာပြီးရင်းစာ စာပြီးရင်းစာဖြင့်သာ အချိန်ကုန်ဆုံးခဲ့သည်။
တစ်နေ့တော့ သူကလေးမလေးတစ်ယောက်နှင့်ဆုံသည်။ ကလေးမလေးသည် ညိုးနွမ်းနေတဲ့ ပျိုနီပန်းများအား ဆုပ်ကိုင်ထားရင်း ငိုနေခဲ့သည်။ ချစ်စရာကောင်းလွန်းတဲ့ ကလေးငယ်လေးငိုနေတာ မကြည့်ရက်တဲ့အတွက် ထယ်ယောင်း အသင့်ပါလာတဲ့ ချိုချဉ်လေးအား ပေးလိုက်ရင်း...
" အိုက်ဂူး...ဒီအမျိုးသမီးလေးက ဘာလို့ငိုနေတာလဲ "
" မီးမီးရဲ့ ပန်းလှလှတွေ ညိုးကုန်ပြီ။ ခြံထဲမှာပွင့်နေတုန်းကကျတော့ လန်းနေပြီးတော့၊ မီးမီးလည်းခူးပြီးရော ညိုးကုန်တယ်လေ။ ဘယ်လိုလုပ်ရပါ့ အီး..ဟီး..ဟီး" ကလေးမလေးသည် နှာခေါင်းလေးရဲကာ တစ်ရှုံ့ရှုံ့နဲ့ပြောနေရင်း နောက်ဆုံးတော့ ထိန်းထားတဲ့မျက်ရည်တွေ တာကျိုးသလို ငိုချပါလေတော့သည်။
" ကလေးရယ် ပန်းတွေက အပင်မှာပဲလန်းလန်းဆန်းဆန်းပွင့်တာလေ၊ ခူးယူလိုက်ရင်တော့ လက်ထဲကလို ညိုးနွမ်းသွားမှာပဲ "
YOU ARE READING
MORPHO MENELAUS
Fanfiction[ Available both Unicode & Zawkyi ] သန်းခေါင်ယံဧည့်သည်များ၏ တစ်ခန်းရပ်ပြဇာတ်ငယ်များ...