" မောင့် !!!!! "
လန့်နိုးသွားသောကြောင့် ခုန်ပေါက်နေသော ရင်ဘတ်အစုံက နိမ့်ခြေမြင့်ချေ တာဝေးအပြေးသမားတစ်ယောက်လို အလွန်ပင် မောပန်းနေလေသည် မျက်နှာကို ပွတ်ကြည့်လိုက်တော့လည်း ထင့်သည့်အတိုင်း မျက်ရည်များ ရွဲစိုနေ၏။
16 နှစ် ... ထိုလူကို အိမ်မက်မက်တိုင်း မျက်ရည်တွေကျကာ ရင်တွေနာခဲ့ရသာ် ငိုကြွေးခဲ့ရသည် အကြောင်းအရင်းကိုလဲ မသိ ဘယ်သူမှန်းလဲ မသိ သေချာတာတော့ သူက ထိုလူကို မောင်လို ခေါ်နေခဲ့သည် ရုပ်ကိုလည်း သေချာမသိ ဝေဝါးဝါး ထိုဝေဝါးဝါး ကောင်လေးက သူ့ကို ငိုအောင် လုပ်နိုင်ပါသတဲ့ အပြင်မှာ တွေ့ဖူးချင်လှသည်
တစ်ခု မှတ်မိတာတော့ ရှိသည် ထိုလူသည် ရှေးခေတ် ဘုရင်ဝတ်စုံကို ဝတ်ဆင်းထားကာ Crown ကို ကြွကြွရွရွ ခေါင်းအထက် ဆင်မြန်းထားလေ၏ ....
" Lix ညက အိပ်မပျော်ပြန်ဘူးလား မျက်နှာက မလန်းဘူး အိမ်မက်မက်ပြန်ပြီလား "
" အော် Hannie ဟုတ်တယ် ညက မက်ပြန်ပြီ သူရောက်လာတယ် ထုံးစံအတိုင်း ငါလည်း ငိုပြီး နိုးလာတယ် "
" ဟူး မင်းအဖြစ်ကလဲကွာ ဘယ်သူ ဘယ်ဝါမှန်းမသိ ဘယ်အရပ်ကမှန်းလဲ မသိ သိတာဆို ဘုရင်ဝတ်စုံနဲ့ Crown ဆောင်းထားတဲ့ လူလို့ဘဲ သိတဲ့သူက နှိပ်စက်တာ ခံနေရတယ်လို့ "
" မပြောတတ်တော့ပါဘူး မေမေ့ကိုလည်း အလကားသပ်သပ် စိတ်ပူနေမှာဆိုးလို့ မပြောခဲ့ဘူး မင်းလည်း ပါးစပ်မဟနဲ့နော် "
" အေးပါကွာ အေးအေး ဟိုမှာ ဆရာ ဝင်လာပြီ စာကြည့်တော့ "
အတန်းပိုင် ဝင်လာတော့ နောက်က ဆံပင်ရှည်ရှည်နဲ့ ကောင်လေးတစ်ယောက် က လိုက်ဝင်လာသည်မို့ Felix သေချာကြည့်လိုက်မိသည် သူ့ကို မြင်ဖူးသလိုလို ...
ကောင်လေးက သေချာမော့ကြည့်လာပြီး စကားစပြောလိုက်သောအခါ မျက်လုံးတွေပြာဝေသွားပြီး နားတွေပါ အူလာလေသည်
" မင်္ဂလာပါ ကျွန်တော်ကတော့ အခုမှ ကျောင်းပြောင်းလာတဲ့ ကျောင်းသားအသစ် Hwang Hyunjin ဖြစ်ပါတယ် "
Han ကျောင်းသား အသစ်ကို ကြည့်နေပြီး ချောလွန်းတာမို့ Lix ကို ပြောဖို့ လှည့်ကြည့်တော့ Lix ပုံစံကြောင့် ဆွံအသွားရလေသည်
ထိုင်နေသော ကောင်ငယ်လေးသည် မတ်တပ်ရပ်နေသော ကောင်လေးအား ဝမ်းနည်းကြေကွဲနေသော မျက်ဝန်းများဖြင့် ဆွေးမြေ့စွာ ကြည့်နေရင်း နာမ်စားလေးတစ်ခုကို ရေရွတ်လိုက်မိလေသည်
" မောင် .... "
Hwang's 👑
တောအုပ်အလည်ကြီး တစ်ခုအတွင်း အဖြူရောင် ဝတ်ရုံလေးနဲ့ ကောင်လေးတစ်ယောက် အသည်းအသန် ပြေးနေခဲ့သည် ... ပြေးရင်း ပြေးရင်း တစ်ဖြေးဖြေး မြင်းခွာသံတွေက နီးကပ်လာသည်
" မဖြစ်ဘူးလေ သူ မောင့်ကို အကြောင်းစုံ ရှင်းမပြရသေးဘဲ မသေချင်ဘူး "
ကံကြမ္မာက ရက်ရက်စက်စက်ပါဘဲ ပြေးနေတဲ့ ကောင်လေး ရင်ဘတ်ကို ဓားတစ်ချောင်းက ဖြတ်ဝင်သွားပြီး ကောင်ငယ်လေးနဲ့ အရုပ်လေးလို လဲကျသွားခဲ့ပါသည်
မကြာခင် သူသေရတော့မည် ခပ်လှမ်းလှမ်းမှ လာနေတဲ့ ဓားအိမ်အလွတ်ကို ကိုင်လာတဲ့ ဝတ်ရုံ အနီနဲ့ လူကို လှမ်းမြင်မိတော့ ....
" ထင်တဲ့ အတိုင်းပါဘဲ မောင်ဖြစ်နေခဲ့တာ သိပ်ချစ်ခဲ့ပါတယ် မောင့်လက်နဲ့ အသက်ကို ယူသွားခဲ့တာမို့ ကျေနပ်ပါတယ် ဒါပေမယ့် ကျွန်တော် မောင့်အပေါ် ထားတဲ့ သစ္စာသာ မှန်ကန်ခဲ့သော် နောက်ဘဝ မောင့်ကို အရင်မုန်းနေနိုင်ပါစေ မောင့်ကို မချစ်မိပါစေနဲ့ နှလုံးသားထဲက ထွက်တဲ့ သွေးနဲ့ စစ်မှန်တဲ့ သစ္စာတရားကို တိုင်တည်ပြီး ကျိန်ဆိုပါတယ် မောင့်ကို ချစ်ရတာ ပင်ပန်းလို့ပါ ... "
ကောင်ငယ်လေးကဲ့ အတွေးအဆုံး မျက်လုံးလေး ပိတ်ကာ ငြိမ်သွားခဲ့ပါသည်
ခနနေတော့ အနီရောင် ဝတ်စုံနဲ့ လူတစ်ဦး ရောက်လာပြီး
" အဲ့ဒါကြောင့် Lix ကို မောင်ပြောတာပေါ့ မောင့်ကို သစ္စာ မဖောက်ပါနဲ့ဆို အချစ်ရယ် လုပ်ရက်လိုက်တာကွာ မောင် ဘာတွေ လုပ်နိုင်လဲဆိုတာ မင်းသိရဲ့သားနဲ့"
ထို လူငယ်ဟာ ရင်ဘတ် ဓား တန်းလန်းနှင့် အဖြူရောင် ဝတ်ရုံနဲ့ ကောင်လေးကို ပွေ့ဖက်ရင်း ကြေကြေကွဲကွဲ ရေရွတ်နေလေသည် ခနနေတော့ မချိတင်ကဲ ငိုကြွေးသံတွေက တောအုပ်တစ်ခုလုံး ပျံလွင့်လာခဲ့လေသည်
ထိုနေ့က တောအုပ်တစ်ခုလုံး ငိုသံတွေဖြင့် ဖုန်းလွှမ်းနေခဲ့ပြီး ဝမ်းနည်းစရာ အတိ ဖြစ်နေခဲ့၏ ...
Intro မို့ ပိစိလေး တိုပါတယ် နောက်ရက် ရှည်အောင် ကြိုးစားပြီး ရေးပေးပါ့မယ် ❤️
YOU ARE READING
Hwang's 👑
Fanfictionမောင် ငါ့ကို ယုံကြည့်ခဲ့သင့်တာ မောင် မင်း သိပ်လုပ်ရက်လေခြင်း ... မောင့်ကို သစ္စဖောက်ရင် မောင် ဘယ်လောက် အထိ လုပ်နိုင်လဲ ဆိုတာ မောင်ပြောထားရက်နဲ့ ဆိုးလိုက်တာ ။