လှိုင်းထဲကဖောင်းဒိုင်း💥

19.3K 202 14
                                    

အိမ့်လည်းငိုပြီးတော့အဝတ်စားလဲဖို့ပြင်ရင်းတံခါးဖွင့်တော့အဝမှာထိုင်စောင့်နေတဲ့မေမေ

" သမီးလေး... "

အိမ့်မေမေ့ကိုမကြည့်ဘဲအဝတ်ထုပ်ကိုအထဲသယ်ပြီးကိုယ့်ဘာသာဝတ်နေလိုက်တယ်

မေမေလည်းသိပုံရပါတယ်အိမ့်ကိုဘာမှဆက််မပြောဘဲဟိုဟာဒီဟာကိုရွှေ့ရင်းကြည့်နေတယ်

အိမ့်လည်းရေချိုးခန်းထဲဝင်ပြီးအဝတ်လဲရင်းဂါဝန်အရှည်တစ်ထည်ဝတ်ပြီးအပြင်ထွက်သွားတာပေါ့

မေမေကတော့အခန်းထဲမှာကျန်ခဲ့ရင်း

ဒေါက်ဒေါင်ဒေါက်

" ဇင့်ပြီးပြီလားဟင် အိမ့်ပါ ရေသွားကူးကြမယ်လေ "

" အင်းပြီးပြီ "

တံခါးဖွင့်ပြီးဇင့်ထွက်လာရင်း

" ဟင် အိမ့်ဘာ...ဘာဖြစ်ထားတာလဲ "

အိမ့်မျက်နှာကိုလက်နှစ်ဖက်နဲ့ကိုင်ထားပြီးစိုးရိမ်စွာမေးလာတဲ့ဇင့်

" ဘာမှဖြစ်ပါဘူး ငိုထားတာဝမ်းနည်းစရာရှိလို့ "

"အင်း ကိုယ်စိတ်ပူတယ်ကွာ "

" ထားပါသွားကြမယ်ရေကူးဖို့ "

အိမ့်နဲ့ဇင့်လည်းရေကူးဖို့ထွက်သွားကြတယ်

နောက်ကနေမေမေနဲ့အန်တီနဒီတို့လည်းလိုက်လာတယ်

ပင်လယ်ရောက်တော့

" ဟီး ပင်လယ်ကြီးကလှတယ်နော် ဇင့် "

" အင်းလှတယ် "

အိမ့်ဇင့်လို့သာခေါ်တာမျက်စိကတော့မေမေ့ကိုဘဲကြည့်နေမိတယ်

အဲ့လိုနဲ့ရေကူးဖို့အိမ့်ဂါဝန်ချွတ်လိုက်တော့

အဲ့လိုနဲ့ရေကူးဖို့အိမ့်ဂါဝန်ချွတ်လိုက်တော့

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.
မေ့ချစ်သမီးWhere stories live. Discover now