မနက်ခင်းရဲ့နေရောင်နဲ့အတူပါးဖောင်းဖောင်းလေးနဲ့ချစ်စရာခလေးငယ်တစ်ယောက်စောင်လေးထဲမှာကွေးရင်းအိပ်နေသောခလေးငယ်။
"ဆောင်းရေသမီးလေးထတော့လေကွာအောက်မှာဖေကြီးကကုမ္ပဏီမသွားသေးဘဲသမီးလေးကိုစောင့်နေတာ"
"ဟုတ်မီးမီးထပါပြီ"
ဒေါ်မေမြခင်တစ်ယောက် ဆောင်းလေးကိုရေမိုးချိုးသန့်စင်ပေးပြီးဉီးဇေယျာကိုရှိရာကိုလာခဲ့ကြတယ်
"ဒီသားအမိကြာလိုက်တာဖေကြီးကရုံးသွားမို့နောက်ကျနေပြီ"
"ဟီးဟီးဖေကြီးကလဲ"
"ကို့သမီးလေအပျင်းကြီးနေတာ"
"ဟုတ်ပါဘူးမေကြီးရယ်သမီးကဆောင်းတွင်းရဲ့အလှအပကိုခံစားပြီးအိပ်နေတာပါ"
"ဟုတ်ပါပြီ အတတ်မလေးရယ်"
"ဟီးးးး"
"ဖေကြီးဆီလာပါအုန်းချစ်သမီးလေး"
"ဟုတ်ကဲ့ဖေကြီး"
ကဲဆောင်းလေးတို့မိသားစုပျော်ပျော်ရွှင်ရွှင်နဲ့ breakfast ကိုစားနေကြတယ်
"ဪမေကြီး"
"ဟုတ်ကိုပြောလေ"
"မေကြီးမှတ်မိလားကိုယ်တို့မန္တလေးမှာနေတုန်းကကိုတိူ့အခင်ဆုံးဘေးအိမ်ကကိုမြင့်ဟန်တို့လင်မယားလေ"
"မှတ်မိတာပေါ့ကိုရယ်သူတို့နဲ့မတွေ့ရတာသမီးလေးဆောင်းကိုယ်ဝန်နဲ့ထဲက အခုဆိုသမီးလေးတောင်ခြောက်နှစ်ကျော်နေပြီကိုမြင့်ဟန်တို့သမီးလည်းရှစ်နှစ်လောက်ရှိရောပေါ့"
"ဟုတ်တယ်မေကြီးကိုမနေ့ဿိုမြင့်ဟန်နဲ့တွေ့တယ်သူတစ်ယောက်ထဲသူ့အကိုသမီးကိုဆေးလာပို့ပေးတာတဲ့အဲ့တာကိုလည်းအိမ်လည်ခေါ်လိုက်တယ်"
"ကောင်းတာပေါ့ကိုရဲ့ဒါနဲ့ဘယ်တော့လာမှာလည်း"
"နောက်တပတ်တဲ့သူ့သမီးလေးနွေရာသီကျောင်းပိတ်မှာလေနောက်တစ်ပတ်အဲ့ကျလာမယ်တဲ့""ဟူတ်လားကိုကောင်းတာပေါ့ဒါနဲ့ကိုဖုန်းnoမတောင်းလာဘူးလား"
"မေကြီးရဲ့ယွကျားပါတောင်းလာတာပေါ့မိန်းမရဲ့"
"ကဲကိုစကားကောင်းနေတာကိုးနာရီတောင်ထိုးတော့မယ်"
"ဟုတ်ပါ့မေကြီးရယ်ကိုသွားတော့မယ်နော်"
အိမ်ပေါ်ဝရန်တာကဆောင်းလေးရဲ့အော်သံ......