Extra

257 41 20
                                    

နှစ်တွေဟာ
သင်ခန်းစာနှစ်ခုကိုပဲ
သင်ကြားပေးခဲ့ပါတယ်။
အစဥ်တည်မြဲတဲ့သူမရှိဘူး ဆိုတာရယ်
ဆက်လက်ရွေ့လျားရမယ် ဆိုတာရယ်။

#မိုဃ်းဇော်

စိတ်တစ်ခုလုံးက တင်းကျပ်ပိတ်လှောင်လို့။
ဘယ်လိုမှ မပြည့်တဲ့ ကွက်လပ်တွေလို လစ်ဟာလို့။ ဘဝထဲကို တစ်ခါလောက် ဝင်လာဖူးပြီး ပြန်ထုတ်လို့ မရတဲ့သူတွေရယ်လို့ ရှိတယ် မဟုတ်လား။

"တီ...တီ...တီ"

အနောက်ဘက်မှ ကားများ၏ ဟွန်းသံကြားမှ သတိဝင်လာသည်။ ကား မီးစိမ်းတာ မသိအောင် သူ အတွေးလွန်နေခဲ့တာပဲ။ လမ်းဘေးဝဲယာကို ကြည့်လိုက်တော့ လမ်းဘေးကြောင်လေးတွေကို အစာကျွေးနေပြီး ပွတ်သပ်နေတဲ့ သူတစ်ယောက်။ ကယ်ရီယာခုံပါတဲ့ စက်‌ဘီးလေးကို ဒေါက် ထောက်လို့။

တကယ်ကို သူပဲလား။

ကားကို ကွေ့လို့ရတာနဲ့ သူ အမြန်ကွေ့လိုက်တယ်။

ရင်ဘတ်တစ်ခုလုံးက တဖျတ်ဖျတ် ခုန်နေတယ်။

မရှိတော့ဘူး။
မရှိတော့ဘူးတဲ့လား။

Jimin ခေါင်းကို အောက်စိုက်ချလိုက်တယ်။
ဘယ် ဖြစ်နိုင်ပါ့မလဲ။

ငါ ရူးနေပြီ၊ ငါ ရူးနေပြီ။
ကလေးတွေနဲ့ မဟုတ်တာတွေ ပြောပြီး မြင်မြင်သမျှ သူလို့မြင်တဲ့အထိ ရူးသွားပြီပဲ။

ညတွေဟာ အိပ်မပျော်။

🌾🌾🌾🌾🌾🌾🌾🌾🌾🌾🌾🌾🌾🌾🌾

ဖြတ်သွားဖြတ်လာများ လမ်း‌ေဘးကြောင်တွေ အစာကျွေးနေတဲ့သူကို တွေ့မိမလား ရှာမိသေးတယ်။

သူ့ကို ပေးဝတ်ခဲ့တဲ့ အသစ်ဆုံး ဖြစ်ဟန်တူတဲ့
အဝါရောင် တီရှပ်လေးဟာ အရောင်မလွင့်သေး။ပြန်တွေးကြည့်လိုက်တိုင်း သူ့ရင်ငွေ့က ရနေသလို။
သူ့နှုတ်ခမ်းက နွေးလာရသလို။

နောက် (၁၂)နှစ် ကြာတဲ့အထိ နောက်တစ်ယောက်ကို မတွေ့နိုင်တာ၊ နှလုံးသားကို အခြားတစ်ယောက်ဆီ မပေးနိုင်တာ။ ဒီလိုမှန်းသာသိရင်ချစ်တယ်လို့ အကြိမ် တစ်ရာ ကိုယ့်ဘက်ကဖြစ်ဖြစ် ဖွင့်ဟခဲ့ရမှာပေါ့။

ကျောင်းပုံပြင်(YoonMin Oneshot)Where stories live. Discover now