-Unbeautiful met-

1.8K 161 29
                                    

∆Warning

-It's my imaginary work of Ficition.

-Contain adult scenes, heat and also harsh words.

-Don't be serious about characters.

If you don't like you can drop and pass it on...

❝My Handsome Billionaire ALPHA❞


"ဂျိတ်ခ် ဒီနေ့ညရော ပြန်လာမှာလား?"

"မသေချာသေးဘူး Dupstick မှာ အကောင်ကြီးကြီးတွေ စုမယ်လို့ကြားထားတယ် တစ်ခါထဲလိုက်ခဲ့မလား"

"တော်ပြီ ဆမ်ရဲ့နားဆူပူမှုဒဏ်ကို မခံနိုင်ဘူး..တစ်ယောက်ထဲရောဖြစ်ရဲ့လား?"

"ငါ့ကိုမယုံတာလား..?"

"ငါ့ကိုယ်ငါထက်တောင် ယုံတယ်ဂျိတ်ခ်"

ညနက်ချိန်ဖြစ်လေ ကလပ်အတွင်းမှ မီးရောင်စုံတွေကပိုပြီး အရောင်အသွေးစုံကာ သီချင်းသံတွေကလဲ မြူးကြွလာဆဲဖြစ်သည်။ အပေါက်ဝမှ ခပ်တောင့်တောင့် Beta နှစ်ကောင်ကို မြင်တော့တစ်ချက်တွန့်သွားသည်။ နီခီဆီက ယူလာတဲ့ Vampire scent ပုလင်းကို ဒီမလာခင် အကုန်ဖြန်းလာတာမို့ သူ့ကိုသတိထားမိတော့မည်မဟုတ်။

မသိချင်ယောင်ဆောင်ကာ အထဲသို့ဝင်ရန်ပြင်လိုက်စဉ် အရှေ့မှ လာတားသောလက်တစ်စုံကြောင့် မျက်လွှာကို ပင့်တင်ရင်းမော့ကြည့်မိသည်။ ဒီကလပ်ကလဲ တအားကို တင်းကြပ်လိုက်တာ။

"စိတ်မရှိပါနဲ့ Mr. တစ်ချက်လောက်စစ်ဆေးခွင့်ပြုပါ။ "

"ငါ့ရဲ့ Vampire scentကိုမရကြဘူးလား ဒီလောက်ပြင်းပြနေတာကို ဘာကိစ္စကြောင့်များလဲ။ တစ်ဆိတ် နဲနဲရိုင်းပြတယ်လို့မထင်မိဘူးလား။"

"တောင်းပန်ပါတယ်။ သခင်လေးရဲ့ခိုင်းစေမှုကြောင့်ပါ။ စိတ်မရှိပါနဲ့ Mr. ဝင်လို့ရပါပြီ။"

ထိုသူ၏ သခင်လေးဆိုသော အပြောကြောင့် နားရွက်ကလေးနှစ်ဖက်ဟာ ယုန်လေးလို ပင့်တက်သွားသည့်အတိုင်းပင် မျက်လုံးအစုံကပါ လှုပ်လှုပ်ရှားရှားဖြစ်သွားသည်။ သခင်လေးဆိုတာက‌တစ်ခြားသူမဟုတ် ALPHA worldရဲ့ နောက်ဆုံးမျိုးဆက် အရှင်သခင်ဖြစ်သည်။ ဒီလိုလောကမှာလဲ အကျွမ်းကျင်ဆုံးဖြစ်ကာ သူဒီကိုလာရတဲ့ အကြောင်းအရင်းကလဲ ထိုသခင်လေးဆိုသူကြောင့်ဖြစ်သည်။ ဘယ်လိုပဲဖြစ်ဖြစ် အဲ့သခင်လေးကို ရအောင်ချဉ်းကပ်ရမည်။

❝My Handsome Billionaire ALPHA❞ // SUNGJAKEWhere stories live. Discover now