-Reality-

849 122 16
                                    

"မင်းဘာ‌ေတွလုပ်နေလဲဆိုတာ ကိုယ့်ကိုကိုယ်ရော သိရဲ့လားဂျယ်ယွန်း??"

"ကျွန်တော်ရွေးချယ်ပြီးသားလမ်းမို့ တားဆီးမယ်ဆိုရင်တော့ အခုချက်ချင်းပြန်တာကောင်းမယ် ဆမ်"

"ငါမင်းကိုငြိမ်ငြိမ်လေးနေဖို့ ပြောခဲ့တယ်လေ ဘာလို့ပြောစကားကိုနားမထောင်ရတာလဲ ဂျယ်ယွန်း!!!"

"ကျွန်တော့်ကိုမအော်နဲ့!!! အရင်ကလို ဘာမှမသိတဲ့ကလေးတစ်ယောက်မဟုတ်တော့ဘူး။ ခင်ဗျားပြောသမျှ ယုံတဲ့ ကောင်လေးလဲမဟုတ်တော့ဘူး။ ကျွန်တော့်လမ်းကိုကျွန်တော်ရှာမှာ အခုဒီလောက်နဲ့ထွက်သွားပါတော့"

"ကိုယ်မင်းကိုပြန်ခေါ်မှာ ဂျယ်ယွန်း..."

"ခင်ဗျားကြိုက်သလိုလုပ် ကျွန်တော်ကတော့ပြန်မလိုက်နိုင်ဘူး။ နစ်ခီနဲ့ကျွန်တော့်ကိုတောင် ခင်ဗျားမနိုင်လို့လွှတ်ထားသေးတာပဲ"

"နစ်ခီကကိုယ့်ညီဖြစ်နေလို့ ဂျယ်ယွန်း။ သူမင်းကိုတကယ်မချစ်သလို မင်းလဲသူ့ကိုမချစ်ဘူး ...
ကိုယ့်ကိုကိုယ်မလိမ်နဲ့ ဂျယ်ယွန်း။ မင်းနဲ့ ဒီကောင်ပတ်ခ်ဆောင်ဟွန်းနဲ့ တစ်ခုခုမဖြစ်ခင် ကိုယ် မင်းကိုရအောင်ပြန်ခေါ်မှာ..."

" ကျွန်တော်နစ်ခီ့ကိုမချစ်ဘူး‌လို့ ဘယ်သူကပြောတာလဲ?? ခင်ဗျားရဲ့သရုပ်မှန်ကိုမပေါ်ချင်ရင် သူနိုးမလာခင်ထွက်သွားတော့"

"ကိုယ်မင်းကိုမှာခဲ့မယ်နော် မင်းသူ့ကိုချစ်လို့မရဘူးဆိုတာသိတယ်ဟုတ်?? အချိန်တန်ရင် ကိုယ့်ဆီကိုပဲမင်းပြန်လာရမှာ.."

"ခင်ဗျားကို မုန်းတယ် ဆမ်!!"

"ပတ်ခ်ဆောင်ဟွန်းထက်ပိုပြီးတော့လား??"

ဆမ်ရဲ့ စကားအဆုံးတိတ်ဆိတ်သွားတဲ့
ဂျယ်ယွန်း....

"မင်းမလုပ်နိုင်ပါဘူးဂျယ်ယွန်း... ကိုယ့်ကိုကိုယ်ဂရုစိုက် ကိုယ်မင်းကိုရအောင်ပြန်ခေါ်မယ်ဆိုတာကိုလဲ မေ့မထားနဲ့ မင်းကကိုယ်မရှိရင်မဖြစ်ဘူးဆိုတာ သိတယ်မလား??"

"ထွက်သွားပါတော့...."

ဂျယ်ယွန်းရဲ့စကားအဆုံး ထိုလူကအနားကို တိုးလာကာ သူ့ရဲ့ လက်ကို တင်းနေအောင်ဆုပ်ကိုင်လိုက်သည်။ ထို့နောက် တစ်ချက်ပြုံးပြပြီး ထွက်သွားခဲ့သည်။ ထိုအခါမှသာ ဂျယ်ယွန်းခမျာ ဆိုဖာပေါ်သို့ ပြိုလဲကျနိုင်တော့သည်။


❝My Handsome Billionaire ALPHA❞ // SUNGJAKEWhere stories live. Discover now