Extra 1

32.2K 1.8K 76
                                    

Unicode

"ခက်ခဲတယ် မလားရိပေါ်"

"ခန့်မှန်းမိထားပြီးသားပေမယ့် လက်တွေ့ရင်ဆိုင်ရတော့ ပိုခက်ခဲနေသလိုပါပဲ Smirt"

"ဘ၀ဆိုတာဒီလိုပါပဲ။ တစ်ခုလိုချင်ရင်တစ်ခုစွန့်လွှတ်ရတယ်လေ"

ဆေးလိပ်မီးကိုဖိနပ်ဦးနှင့် ထိုးခြေကာ Smirt ထွက် သွားသည်အထိ ရိပေါ် လေသာဆောင်တွင်ရပ်နေမိဆဲ။ နောင်တ တရားတို့ကင်းစွာ ရိပေါ် daddy ကို ရွေးချယ်ခဲ့သည်။ ထိုရွေးချယ်မှုသည် ရိပေါ်ဘဝ၏ တန်ဖိုးအရှိဆုံး ဆုံးဖြတ်ချက် ဖြစ်သည်။

လွန်ခဲ့သည့်လ ကစ၍ ရိပေါ်သည် daddy လူသိရှင် ကြားတရားဝင်လက်တွဲဖော် တစ်ယောက်ဖြစ်လာခဲ့သည်။ daddy အတွက် ထိုက်တန်သည့် လက်တွဲဖော် တစ်ယောက်ဖြစ်ဖို့တော့ ရိပေါ် ကြိုးစားရသည်။ သို့သော် ထိုအရာက ရိပေါ်ထင်သလောက်မလွယ်ကူခဲ့။

အရင်ကထက် ရိပေါ်ကို ပိုဂရုစိုက်သည့် daddy  ကြောင့် ပျော်ရပေမယ့် အခြေအနေတချို့ကိုနေသားကျအောင် လုပ်ရသည်ကတော့ ရိပေါ်အတွက်သိပ်မလွယ်။ Gang ထဲ Jack တို့ သုံးယောက်မှလွဲ ကျန်တဲ့ သူတွေကတော့ ရိပေါ်ကို ရှောင်ကြသည်က များ၏ အတူတူ ပခုံးဖက် ပေါင်းသင်းလာကြသူများဖြစ်၍ သခင်လေးတစ်ယောက် အနေနှင့် ရိပေါ်ကို ချက်ချင်း ဦးညွှတ် ကြဖို့ က လွယ်ကူမည်တော့မဟုတ်။ ထိုသို့အရိုအသေပေးမှုတို့ ကိုရိပေါ်မလိုအပ်ပေမယ့် စည်းမျဥ်းစည်းကမ်းတို့ကို လည်း ရိပေါ် ပြောင်းလဲပိုင်ခွင့်မရှိ။

"သခင်လေး .... နေ့လည်စာ စားချိန်လွန်နေပါပြီ"

"daddy ပြန်မရောက်သေးဘူးလားဦးလေး"

"ခနနေ ပြန်ရောက်မယ်တော့ အကြောင်းကြားထားပါတယ်"

"daddy ပြန် လာမှ စားမယ်"

"ဟုတ်ကဲ့ ပြင်ဆင်ထားလိုက်ပါ့မယ်"

အိမ်ထိန်းကို ခေါင်းတစ်ချက်ညိတ်ပြပြီး ရိပေါ် လေသာဆောင်မှ အပြင်ကို ပြန်ကြည့်နေလိုက်သည်။ စံအိမ်တစ်ခုလုံးကို တံခါးမရှိ ဓါးမရှိ၀င်ထွက်နိုင်သည့် သခင်လေးတစ်ယောက်ဖြစ်ချိန်မှစ ရိပေါ်ကိုတွေ့သည် နှင့် ဦးညွှတ်အရိုအသေပေးကြသည့်သူမျးကိုနေသားသိပ်မကျသည်ကြောင့် Daddy မရှိသည့်အချိန်တိုင်း ရိပေါ်က လေ့ကျင့်ရေးခန်းထဲအချိန်ကုန်နေတတ်သည်။

Daddy's Command (Unicode+Zawgyi)Where stories live. Discover now