_BLUEST_

966 111 9
                                    

တင်းလွန်းတဲ့ကြိုးတွေက ပြတ်ထွက်တတ်သတဲ့လေ။
ဒါက မှန်ကောင်းမှန်ပါလိမ့်မယ်။
ဂျုံဆောင်းကိုယ်တိုင်ကြုံဖူးခဲ့ရတာမို့ အဲဒါဟာမှန်တယ်လို့ပဲပြောရမှာလား။

တင်းလွန်းတဲ့ကြိုးတွေကပြတ်ထွက်တတ်တယ်။
ဒါဆိုရင်...
ပြတ်ထွက်သွားတဲ့ကြိုးရဲ့အလွန်မှာရော ဘာရှိတတ်ပါသလဲ?

••••

"ထမင်းမှန်မှန် စားနော် ဂျုံဂျုံ ကိုကိုက မင်းဆီနောက်အပတ်လာမှာ "

လေလှိုင်းမှတစ်ဆင့်ကြားရတဲ့ အသံသြသြက ဂျုံဆောင်းရင်ကိုမီးစနဲ့ထိုးနှက်နေသလို။

"ဟယ်လို ကိုကိုပြောတာကြားရဲ့လား။မင်းဆီနောက်အပတ်လာခဲ့မှာလို့ "

မဖြေမချင်း ဆက်တိုက်ပြောနေမှာသိတာမို့ ဂျုံဆောင်းမကျေမနပ်ဖြစ်မိသော်လည်း တတ်နိုင်တာမရှိ။

"ကြားပါတယ် ဒါပဲမလား ချတော့မယ် "

"ဟင် နေဦးလေ မင်း.... "

တစ်ဖက်မှစကားသံကိုဆုံးအောင်နားမထောင်ပဲ ဂျုံဆောင်းဖုန်းချပစ်လိုက်သည်။

ဒီအခြေအနေကိုစိတ်ပျက်လွန်းလို့ ဘာလုပ်လို့ဘာကိုင်ရမှန်းပင်မသိ။
ကိုကို့ကိုအားနာပေမဲ့ ဂျုံဆောင်းကိုယ်တိုင်ကိုကဘာဖြစ်နေမှန်းမသိ။

တကယ်ဆို ကိုကိုက သူနဲ့​၄နှစ်တိုင်တိုင်တွဲလာခဲ့တဲ့ လူကောင်းတစ်ယောက်။
ကနေဒါကို ဘွဲ့လွန်အတွက်သွားချင်တယ်ပြောတော့လည်း တစ်ချက်မှအထွန့်မတက်ပဲ လိုက်လျောပေးခဲ့တာ။

အဲဒီလောက်ကောင်းပေးနေတာကို ဂျုံဆောင်းကိုယ်တိုင်ကိုကဘာဖြစ်နေမှန်းမသိ။

အသစ်တွေ့နေလို့လားဆိုရအောင်လည်း မဟုတ်။
သူ့ပတ်ဝန်းကျင်မှာက အဲသလိုကိစ္စတွေအတွက်ပတ်သက်စရာမရှိ။
အကုန် စာမှစာဖြစ်နေကြသူတွေချည်း။

သူကိုယ်တိုင်ကိုက ကိုကို့ဆီမှာမပျော်နိုင်တော့တာ။
အားနာမိပါသော်လည်း ဂျုံဆောင်းကိုကို့ဆီကထွက်ပြေးချင်နေပြီဖြစ်သည်။

ကိုကို့အပေါ်အားနာတဲ့စိတ်ကကြီးထွားလာတာမို့ ဒီဆက်ဆံရေးကိုဂျုံဆောင်းခပ်မြန်မြန်အဆုံးသတ်ချင်ပြီ။


BluestWhere stories live. Discover now