"ဟင် ငါနောက်ကျနေပြီဘဲ။ ရှီး alarm ကဘာလို့မမြည်ရတာလည်း"
'ငယ်' ကြည့်လိုက်တော့ သူညက Ni-ki နှင့်ညနက်ထိစကားပြောပြီး alarm မပေးထားမိလိုက်ပြန်။
"ငယ်ရေ နင်ကတော့လေလုပ်လိုက်ရင် အရာရာနှင့်အကြောင်းကြောင်း စိတ်ရှုပ်ပါတယ်ငါ့စာလုပ်မဲ့အချိန်တွေ စုန်းစုန်းမြှုပ်ပါပြီ"
'ငယ်' တစ်ယောက်ညကသူ့ရဲ့ပေါ့ဆမှုကြောင့်အမျိုးမျိုးညည်းတွားကာ ရေချိုးခန်းထဲဝင်ပြီးမျက်နှာသစ်လိုက်တယ်။ သူမျက်နှာသစ်နေချိန်..
~တင်~ ( ph noti)
သူအိပ်ယာပေါ်တင်ထားတဲ့ဖုန်းလေးမှာ message လေးဝင်လာတယ်။ 'ငယ်' မျက်နှာသစ်ပြီးပြန်လာတော့ ဖုန်းကိုယူကြည့်လိုက်တော့ လွန်ခဲ့တဲ့ 5 မိနစ်က စာတစ်စောင်ဖြစ်နေတယ်။
"Morning ငယ်💕"
'ငယ်' စွေ့စွေ့ခုန်ပြီးပျော်မတတ်ဖြစ်သွားတယ်။ သူသဘောကျရတဲ့ကောင်လေးဆီက message ဝင်တာကိုသိတာနှင့် အိပ်ယာပေါ်ကိုပစ်လှဲကာ သွားကြီးဖြဲပြီးရယ်နေခဲ့တယ်။ ခဏနေတော့စိတ်ပြန်ထိန်းပြီး message ကို reply ပြန်လိုက်တယ်။
"Morning အကို"
'ငယ်' စာပြန်လိုက်တော့ ချက်ချင်း seen ပြလာတဲ့ကောင်လေးကြောင့် 'ငယ်' ရင်တွေထပ်ခုန်ရပြန်ပါတယ်။
"အွန်း ငယ်ဒီနေ့ဘာအစီအစဉ်ရှိလည်းဟင်"
"ငယ်လား ငယ်ဒီနေ့ polaroid café ဆိုင်သွားပြီး စာသွားလုပ်ဖို့တော့ရှိတယ်"
"အာ ဟုတ်လား အခုလား"
"ဟင့်အင်း ညနေ 5 နာရီမှ"
"အိုကေ အကိုလာခဲ့မယ်"
conversation ကိုအဆုံးသတ်လိုက်ပေမဲ့ ဒီနေ့စီနီယာ့ကိုတွေ့ရအုံးမှာကို 'ငယ်' မယုံနိုင်ခဲ့။ 4 နာရီခွဲတော့ လှလှလေးပြင်ပြီး polaroid café ဆိုင်ကို စက်ဘီးလေးစီးပြီး လာလိုက်တယ်။ သူရောက်တော့ 5 နာရီထိုးဖို့ 5 မိနစ် ၊ 6 မိနစ်လောက်လိုသေးတယ်။ Ni-ki ရှိ မရှိအရင်ကြည့်လိုက်ပြီး မလာသေးတာသေချာတော့မှ အိတ်ထဲပါလာတဲ့နှုတ်ခမ်းနီလေးကိုထုတ်ဆိုးလိုက်ပြီး သူ့ကိုသူသပ်သပ်ရပ်ရပ်ဖြစ်အောင်လုပ်ထားလိုက်တယ်။
"ရောက်နှင့်နေပြီလား"
မနေ့ညနေကကြားခဲ့တဲ့ အသံအေးအေးလေးကိုကြားတာနှင့် ရင်တွေကထပ်ခုန်လာပြန်ပါပြီ...။ သူကြည့်လိုက်တော့ Ni-ki ကသူ့လက်ကနာရီလေးကိုကြည့်ကာ
"နောက်တော့မကျသေးပါဖူး right?"
ပြောပြောဆိုဆို Ni-ki က 'ငယ့်' မျက်နှာချင်းဆိုင်က ခုံပေါ်မှာဝင်ထိုင်လိုက်တယ်။
"နောက်မကျပါဖူးအကိုရဲ့ 'ငယ်' သာစောရောက်နေတာ စကြတော့မလား"
"အွန်း"
စကားဆုံးတာနှင့် Ni-ki ကစာအုပ်ကိုဖွင့်ကာ စာတွေကိုတစ်ပုဒ်ပြီးတစ်ပုဒ် တစ်ဘာသာပြီးတစ်ဘာသာအာရုံစိုက် လုပ်နေပါသော်လည်း 'ငယ့်' မှာတော့ မျက်နှာချင်းဆိုင်က Ni-ki ကိုဘဲကြည့်နေမိတယ်။ ခဏကြာလာတော့ Ni-ki ကအောက်နှုတ်ခမ်းကိုဖိကိုက်ကာ ဘောပင်ကိုလက်ထဲကစားရင်း တစ်ခုခုကိုစဉ်းစားနေတယ်။
"အကိုဘာဖြစ်လို့လည်းဟင်"
"အာ မဟုတ်ပါဖူး ဒီတပုဒ်အဖြေမရသေးလို့..."
'ငယ်' ကထိုင်နေရာကထလာပြီး Ni-ki ဘေးကပ်ရပ်မှာဝင်ထိုင်လိုက်တယ်။
"ငယ်ကူညီမယ်လေ"
"အင်း ကျေးဇူးဘဲ"
'ငယ့်' မှာ ပထမနှစ်ကျောင်းသူဖြစ်ပေမဲ့ တတိယနှစ်ကစာတွေကို ကူညီနေရပြန်ပါပြီ။
"ရပြီကွ ဒါနှင့်ငယ်ကဒါတွေဘယ်လိုသိတာ?"
"ဟင် ပြောရမယ်ဆို 'ငယ်' ကအတန်းခေါင်းဆောင်ဆိုတော့ နေရာစုံလူမျိုးစုံနှင့်ရင်းနှီးတယ်လေ စီနီယာအကိုတစ်ယောက်နှင့် စာတူတူလုပ်ရင်း နည်းနည်းနားလည်နေတဲ့သဘောမျိုးပါ အကိုရဲ့"
'ငယ်' အဲ့လိုပြောလိုက်တော့ Ni-ki မျက်နှာလေးက သိသိသာသာပျက်သွားတယ်။ နောက်တော့ Ni-ki တစ်ယောက်ငိုမဲ့မဲ့မျက်နှာလေးနှင့်
"အကိုနှင့်ဘဲ စာတူတူလုပ်ဖူးတယ်ထင်နေတာ..."
ပြောရင်းလည်း အသံလေးကတိမ်တိမ်ဝင်သွားလေတယ်။
"အကို့ရုပ်က ချိုချဉ်မရလို့ငိုတော့မဲ့ ကလေးလေးအတိုင်းဘဲ"
ဆိုကာ 'ငယ်' တစ်ယောက် Ni-ki ပါးကိုဆွဲညှစ်ပစ်လိုက်တယ်။
"အား နာတယ် လွှတ်လွှတ်"
"မလွှတ်ပါဖူး"
"လွှတ်နော် လူကိုကလေးထင်နေလား ငယ့်ထပ် 2 နှစ်ကြီးတယ်နော် ရား"
ဒီလိုကလေးမျက်နှာလေးနှင့် သူ့ကိုယ်သူကလေးမဟုတ်ကြောင်းငြင်းနေတဲ့ သူ့အကိုပေါက်စလေးကို 'ငယ်' တစ်ယောက် ဟက်ဟက်ပက်ပက်ရယ်ပြီး
ဆွဲညှစ်ထားတဲ့ပါးလေးကို ဖြည်းဖြည်းလေးလွှတ်ပေးလိုက်တယ်။ သူလွှတ်ပေးလိုက်တော့ ရှေ့ကိုတစ်တောင်လောက်ထွက်နေတဲ့နှုတ်ခမ်းနှင့် သူ့စာသူပြန်လုပ်နေတဲ့ အကိုပေါက်စကိုသူအူယားလို့ မဆုံးနိုင်...။ 'ငယ်' တစ်ယောက်သူ့အကိုငယ်လေးမျက်နှာပျက်သွားတာကို သတိရကာစကားပြန်စလိုက်တယ်။
"ဟို...အဲ့စီနီယာနှင့်က ဆရာခိုင်းတဲ့အလုပ်တွေကြောင့် ရင်းနှီးရုံပါအကိုရဲ့"
သူဘယ်လိုဘဲပြောစေကာမူ Ni-ki ရဲ့ဘဲနှုတ်ခမ်းလေးကတော့ အထဲကိုဘယ်လိုမှဝင်မသွားပါ။ အဲ့တာကြောင့် နောက်တစ်ခါစကားပြန်ဆိုလိုက်ပြန်တယ်။
"စိတ်ကောက်သွားတာလားဟင်"
'ငယ်' အဲ့လိုမေးလိုက်တော့ ဘဲနှုတ်ခမ်းလေးနှင့် မော့ကြည့်ပြီး
"စိတ်ဆိုးတာ..."
'ငယ်' ကြောင်တောင်တောင်ဖြစ်သွားတယ်။ စိတ်ကောက်တာနှင့် စိတ်ဆိုးတာကတူတူဘဲမဟုတ်ပေဖူးလား။
"ဟင် အကိုကလည်း စိတ်ကောက်တာနှင့်စိတ်ဆိုးတာက တူတူဘဲမဟုတ်ဖူးလား"
"မတူဖူး ဘာလို့မတူတာလည်းဆိုတာ နောက်ကျရင်သိလာလိမ့်မယ်"
စကားကိုခပ်ပြတ်ပြတ်ပြောကာ သူ့စာသူလုပ်နေတဲ့ စီနီယာပေါက်စလေးကို 'ငယ်' မနှောင့်ယှက်တော့ချေ။ အိမ်ပြန်တော့မဲ့အချိန်ရောက်တော့ 'ငယ်' Ni-ki တစ်ယောက်ပြန်ရင်ဘယ်လိုပြန်မလည်းစိတ်ပူပြီး မေးလိုက်တယ်။
"အကို အကိုဘာနှင့်လာတာလည်းဟင်"
"Taxi နှင့်လေ"
"7နာရီတောင်ထိုးနေပြီ ညကြီးကို taxi ငှားစီးရင်စိတ်မချရဖူးလေ"
"ရား အဲ့စကားကမိန်းကလေးကိုပြောရမှာ အကိုကယောကျာ်းလေး ဘာမှစိတ်မချစရာအကြောင်းမရှိဖူး"
ဟော သူ့ကိုစိတ်ပူလို့ပြောတာကို ကတ်ကတ်လန်ပြန်ရန်တွေ့ပြန်ပါပြီ။ 'ငယ်' တစ်ယောက်ရယ်ချင်စိတ်ကိုထိန်းကာ
"ငယ်လိုက်ပို့မယ်လေ"
'ငယ်' ပြောလိုက်တော့ 'ငယ့်' ကိုမျက်စောင်းထိုးကာ
"ဘာနှင့်လိုက်ပို့မှာလည်း"
"စက်ဘီးနှင့်ပေါ့အကိုရဲ့ ငယ်လည်းစက်ဘီးဘဲပါလာတာလေ"
'ငယ်' ပြောလိုက်တော့မျက်မှောင်ကြီးကြုံ့ပြီး
"တော်ပါ ကိုယ့်ဘာသာဘဲ taxi ငှားပြန်တာပိုကောင်းမယ်ထင်တယ်"
"ဟွန့်အကိုက မယုံတာလား အကို့ကိုတင်ပြီးနင်းနိုင်ပါတယ်နော် အကိုကသာလမ်းပြောလိုက်"
Café ဆိုင်ရှေ့မှာ Ni-ki တစ်ယောက် သူ့အရပ်ကိုမမှီနိုင်ဘဲ ခြေဖျားထောက်စွာနေတဲ့ကောင်မလေးကို စိန်ခေါ်သည့်အနေဖြင့်
"နင်းနိုင်ရင်နင်းပေါ့ ငယ်နှင့်စာတူတူလုပ်ဖူးတဲ့ကောင်လေးလိုတော့ အလျှော့မပေးနိုင်ပါနော်"
ဆိုပြီး ခုနကဘဲနှုတ်ခမ်းကိုပြန်ထုတ်ကာ စက်ဘီးနောက်မှာခြေကားယားကြီးနှင့် တက်ထိုင်နေတယ်။ 'ငယ်' တစ်ယောက် သူ့အကိုပေါက်စလေးကို နောက်မှာတင်ပြီးစက်ဘီးကိုအားပါပါနှင့် နင်းလာခဲ့တယ်။ မိနစ် 20 လောက်ကြာတော့ Ni-ki က
"ဟိုးစတော့ပ် ရောက်ပြီ"
Ni-ki ရုတ်တရက်ကြီးရပ်ခိုင်းတော့ ရှေ့ဆက်သွားရအုံးမယ်ထင်နေတဲ့ 'ငယ်' ကအရှိန်မထိန်းနိုင်ဘဲ ဘရိတ်ကိုဆောင့်အုပ်လိုက်တော့
"အားလားလား သေပါပြီ ငါ့ဖင်လေးတော့မြေကြီးနှင့်ညားပြီထင်ပါရဲ့"
ဆိုတဲ့ညည်းသံနှင့် မြေပေါ်ဖုတ်ခနဲကျသွားတဲ့ Ni-ki...
'ငယ်' လည်းသိသိခြင်း စက်ဘီးကိုဒေါက်ထောက်ပြီး Ni-ki ကိုလာထူရှာတယ်။
"အကိုရယ် ဆော်တီးပါ ငယ်ကရှေ့သွားရအုံးမယ်ထင်လို့ နာသွားလားဟင်"
'ငယ်' မေးလိုက်တော့ သူ့ဖင်လေးကိုလက်ကလေးနှင့် တစ်ကိုင်ကိုင်လုပ်ပြီးခုနကဘဲနှုတ်ခမ်းလေးက ပြန်ထွက်လာပြန်တယ်။
"ဘရိတ်အုပ်မယ်ဆို ကြိုပြောမှပေါ့ ဟင့် ခုတော့"
ပြောကာဆိုကာ ထော့နင်းထော့နင်းနှင့် အိမ်ထဲဝင်သွားတဲ့ Ni-ki
'ငယ်' ကတော့အပြင်ကနေ အဖြစ်အပျက်ကိုရယ်လည်းရယ်ချင် ရယ်ရင်လည်းစိတ်ကကောက်ပြန်အုံးမှာကိုကြောက်၍ သူရယ်ချင်တာကိုထိန်းထားသမျှ Ni-ki အိမ်ထဲဝင်သွားတော့ဟက်ဟက်ပက်ပက်ရယ်ပစ်လိုက်တယ်။
YOU ARE READING
𝐌𝐞𝐞𝐭 𝐚𝐠𝐚𝐢𝐧 [Completed]
Romance" တောင်းပန်ပါတယ်ငယ် အကိုကအမျိုးသမီးတစ်ဦးလောက်တောင် ဖွင့်ပြောဖို့သတ္တိမရှိခဲ့တဲ့ သူဖြစ်နေလို့ "