W.T R.P

897 49 8
                                    

' ဟျောင့် ... ဟိုမှာ လာပြီ။ ဒီနေ့ညရဲ့ ကြေးအမြင့်ဆုံးနဲ့ နောက်ဆုံး ပြိုင်မဲ့လူပဲ။'

ရိပေါ် သူ့ သူငယ်ချင်း ပြတဲ့ နေရာကို ကြည့်လိုက်တော့ ပြိုင်ပွဲဝင် ဆိုင်ကယ်ကို အနီ အနက် ရောထားတဲ့ အရောင်နဲ့ ဦးထုပ်လည်း အနီ အနက် ဝတ်ထားတဲ့ လူ တစ်ယောက် ပြိုင်ပွဲနေရာကို မောင်း ဝင်လာတာ တွေ့လိုက်ရတယ်။

' ဘာလဲ ... ဘယ်သူလဲ။ ဘယ်ကလဲ။ နာမည် မပေး မျက်နှာ မပြရဲရင် မပြိုင်ဘူးနော်။'

' မင်းကလည်း ငါတို့ အပျော်တမ်း ပြိုင်တဲ့ထဲမှာ ဘယ်သူမှ မမျှော်လင့်ထားတဲ့ ကြေးနဲ့ လာပြိုင်တာနော်။

အခုက မျက်နှာ မြင်ရဖို့ အရေးကြီးလား။ လက်ထဲ ပိုက်ဆံ ရောက်ဖို့ပဲ အရေးကြီးတယ်။

သူ ရှုံးရင် မျက်နှာ မပြချင်လို့ လို့ပဲ သဘောထား လိုက်ပေါ့ကွာ။'

ရိပေါ် တက်ကြွနေတဲ့ သူ့ သူငယ်ချင်းကို ကြည့်ပြီး ဟိုဘက်က ပြိုင်ဘက်ကို ထပ်ကြည့်လိုက်တယ်။

အင်းပေါ့ ဝမ်ရိပေါ် ဆိုတာ ရှုံးပွဲမှ မရှိဖူးတာ။ သူ ချမ်းသာလို့ ပိုက်ဆံ လာဖြုန်းချင်တာဆိုတော့လည်း သုံးပေးရမှာပေါ့။

' အိုကေလေ .... ဒီတစ်ခါ သူ့သဘော အတိုင်း လိုက်လျောပေးလိုက်မယ်။'

' အဲ့လိုလုပ်စမ်းပါ။ ကဲ ... ထွက်လာလိုက်တော့။'

ရိပေါ် သူ ပြိုင်ပွဲ စ တဲ့ နေရာ မှာ သူ့ဆိုင်ကယ် အစိမ်းရောင်ကြီးနဲ့ အဆင်သင့် သွားရပ်နေလိုက်တယ်။

ပြီးနောက် သူ့ ဆိုင်ကယ်အစိမ်းနဲ့ တန်းတူ အနီ အနက် နဲ့ ဆိုင်ကယ်လည်း ဘေးချင်း ယှဉ် လာတယ်။

ရိပေါ် ဟိုဘက်ကလူ ပိုက်ဆံအစား ကား သော့ ပစ်ပေးလာတော့ ဘာလဲဆိုပြီး ဒိုင် လုပ်တဲ့ကောင်ကို မေးဆတ်လိုက်တယ်။

ဟိုကောင် တစ်နေရာကို မေးထပ်ဆတ်ပြတော့ ရိပေါ် မျက်လုံး အဲ့ဒီကို လှမ်းကြည့်လိုက်တယ်။ အနက်ရောင် ပြိုင်ကား တစ်စီး။ ပြီးတော့ အဲ့ကားက တရုတ် တစ်နိုင်ငံလုံးမှာ ၃ စီးပဲ ဝင်တယ်။ သူတောင် မဝယ်ရသေးပါ။ ဟက် .... ပြိုင်ကားနဲ့ အလောင်းစား လာလုပ်တယ်ပေါ့။

Wrong Time Right Person ( Completed )Where stories live. Discover now