1*

311 19 7
                                    

Kim Taehyung
"အမြန်ပြန်လာခဲ့ပါ ။ မင်းဒယ်ဒီ အခြေအနေ မကောင်းဘူး ။ မင်းဘယ်ချိန်ထိ ပုန်းရှောင်နေအုံးမလဲ။ အခုဆို ဟိုသားအမိနှစ်ယောက်က အိမ်ကြီးသခင်တွေ ဖြစ်နေကြပြီ။ ဒီလိုပဲ အရှုံးပေးပြီးနေတော့မလို့လား T​aehyung မင်း ဒယ်ဒီကို စိတ်ဆိုးလို့ ပစ်ထားပေမယ့် နေမကောင်းဘူးဆိုတော့လည်း မနေနိုင်ပါဘူး သွားပြီးကြည့်တာ စိတ်တောင်မကောင်းဘူး Taehyung မင်းဒယ်ဒီက တော်တော်အသည်းအသန်ဖြစ်နေတာပဲ မင်းအမြန်ပြန်လာခဲ့ မင်းဒယ်ဒီနားမှာ မင်းရှိဖို့ လိုအပ်နေပြီ "

နားစည်ထဲပြန်ကြားယောင်မိနေတဲ့ လေးဂျွန်ရဲ့ မှာကြားသံတွေက Taehyung အတွက်တော့ သွေးပျက်တုန်လှုပ်ချောက်ချားစရာတွေချည်းပါပဲ ကြားရတဲ့အကြောင်းအရာတွေက ယုံပင်မယုံချင်စရာပါ

အဖေ့ကျန်းမာရေးအခြေအနေအတော်ဆိုးနေတာတဲ့လေ

ဒါ.....ဘယ်လိုဖြစ်ရတာလဲ

ဒယ်ဒီနဲ့ပတ်သတ်ပြီး ရင်ထဲနာကျင်လွန်းလို့ အိမ်ကနေ ရှောင်ထွက်ခဲ့တာ နှစ်လကျော် သုံးလစွန်းစွန်းပဲ ရှိသေးတယ် အချိန်အတိုင်းအတာ သုံးလအတွင်းမှာ ဒယ်ဒီအခုလိုဖြစ်ရတာ တကယ့်သွေးရိုးသားရိုးမှ ဟုတ်ရဲ့လား ကျန်းမာရေးနဲ့ပတ်သတ်လို့ တစ်ခါတစ်ရန် ဖျားနာတက်တာလွဲပြီး ရောဂါဝေဒနါကြီးကြီးမားမားမရှိခဲ့ဖူးတဲ့ ဒယ်ဒီက အိပ်ယာထဲ ဘုန်းဘုန်းလဲနေပြီဆိုတော့ ဒါတွေက ဟိုမိန်းမ စနက်ပဲ မဟုတ်လား ခင်ဗျားတမင် ဒယ်ဒီကို အခုလိုဖြစ်အောင် လုပ်တာ မဟုတ်လား ။ ဒါမှဒယ်ဒီ့စည်းစိမ်တွေအားလုံး ခင်ဗျားအပိုင်စည်းလို့ရမှာဆိုတဲ့အသိနဲ့ ခင်ဗျားကြံစည်ပစ်လိုက်တာ မဟုတ်လား ။ကျွန်တော် သိတယ် ခင်ဗျားတမင်လုပ်ကြံခဲ့တာကိုလေ...။
Taehyung မျက်ဝန်းတွေက တစ်စထက်တစ်စ ပို၍စိမ်းတောက်လာပြီး တင်းမာခက်ထန်မှုတွေက မျက်နှာလှလှလေးထက်မှာ ပြည့်နက်နေခဲ့သည်

တွေးမိတိုင်း သူ့ရင်တစ်ခုလုံးပူလောင်ကာ ဒေါသများ ထွက်လာ သည် ကားလေးကို ဆိုးလ်ရောက်အောင် အမြန်နှုန်းနဲ့မောင်းနှင်နေမိသည် အိမ်ကိုအမြန်ပြန်ရောက်ချင်နေပြီလေ ဒယ်ဒီကိုလည်း သူ တွေ့မြင်ချင်နေပြီ

💔Crazy💔Where stories live. Discover now