"ကျွန်တော်စက်ဘီးမှောက်လို့ ဒီကအကိုက ဆေးခန်းလိုက်ပို့ပေးတာပါ ဒေါက်တာ"
ကောင်းလေးရဲ့ပါးနပ်တဲ့အဖြေကြောင့် Taehyung ရင်ထဲ အနည်းငယ် အေးဆေးသွားရသည်။ ယဉ်တိုက်မှုဆို ဥပဒေအရ သူဖြေရှင်းရမှာမဟုတ်လား။ ဆရာဝန်ကလည်း ဒီလိုအနေအထားမျိုးကို သံသယဝင်မှာပဲလေ။
ဘာပဲပြောပြော ကောင်လေးက သူ့အပြစ်ဟုပြောမှ စိတ်အေးချမ်းစွာပင် ဆေးကုသပေးတော့သည် ။ ခေါင်းက အပေါ်ယံရှုပ်ပြီးပေါက်ပြဲသွားယုံသာပါ ၊ ခြေဆစ်ကတော့ အရိုးအက်သွားတဲ့အတွက် ကျောက်ပတ်တီးစည်းပေးပြီး တစ်ခြားပွန်းပဲ ဒဏ်ရာတွေကို ဆေးထည့်ကာ သောက်ဆေးပါ တစ်ခါထဲပေးလိုက်သည်
ဆေးခန်းကအထွက်မှာတော့ မိုးကစဲသွားသည် ရာသီဥတုသိပ်ကြည်လင်တာ မဟုတ်သော်လည်းစောစောကလို အငြိုးတကြီးမိုးတွေ ရွာနေတာထက်စာလျှင်တော့ အတော်ကလေးသွားလာလှုပ်ရှားလို့ကောင်းတဲ့ အခြေအနေပါပဲ။
ကောင်လေးကိုတွဲကာ ကားပေါ်တင်ပြီး ဆေးခန်းရှေ့ကနေ ကားပြန်မောင်းထွက်လာခဲ့သည် ပြီးနောက် မြို့တွင်းဘက်သို့ ကားကိုမောင်းကာ စတိုးဆိုင် ရှာရသည် ကောင်လေးအဝတ်အစားတွေက မိုးရေကြောင့် ရွှဲရွှဲစိုပြီး ကြွက်စုတ်လေး ရေမွန်းထားသည့်ပုံစံလေးဖြစ်နေတာလေ။ဆိုင်ကိုတွေ့တော့ ကောင်လေးကို ကားထဲမှာပဲ နေစေပြီး အဝတ်အစားဆင်းဝယ်မိသည် အဆင်ပြေလောက်မယ့် အဝတ်အစားတစ်ချို့ကို ဝယ်ပြီး ကားဆီပြန်သွားကာ......
"ရော့ ကောင်လေး အဝတ်အစားတွေလဲဝတ်လိုက်""ဟုတ်ကဲ့ အကို"
ကောင်လေးက သူခိုင်းစေတဲ့အတိုင်း သူကမ်းပေးသော အဝတ်အစားထုပ်ကို လှမ်းယူသည်
"အကို"
"ဟင်""အကိုလည်း အဝတ်အစားတွေလဲလိုက်ပါလား ရေစိုပြီး အအေးမိတော့မယ် "
သူ့ကိုစိတ်ပူပြီးပြောလာသောကောင်လေးစကားကြောင့် ပြုံးမိသေးသည်
"လဲမှာပေါ့ ဆိုင်ရှင်ကို ခွင့်တောင်းပြီးပြီလေ အကိုက ကားထဲမှာအဝတ်အစားတွေပါလာပြီးသားဆိုတော့ ယူပြီးသွားလဲယုံပဲ ၊ မင်းပဲအဆင်ပြေအောင်အဝတ်အစားတွေ လဲလိုက် ကောင်လေး"

ANDA SEDANG MEMBACA
💔Crazy💔
Hayran Kurguကျွန်တော်အကို့ကို ချစ်ခဲ့တာက ညီအကိုလိုပါ ညီအကိုချစ်ခြင်းကိုအရောင်မဆိုးချင်တာကလွဲရင် အကို့ကို တကယ်ချစ်ခဲ့ပါတယ်ဗျာ