အပိုင်း|အပိုင္း-(၄)

360 29 11
                                    

[Unicode]

💕💕💕💕💕💕💕💕💕💕💕💕

///ဒေါက်...ဒေါက်...ဒေါက်...///

"ဒက်ဒီ...မိန့် ဝင်ခဲ့လို့ရမလား၊"

ဒက်ဒီ ရေချိုးနေသည်ဟု ဒက်ဒီရဲ့ဘောဒီဂတ် ကိုသွေးစက်က ပြောလိုက်သဖြင့် မိန့်လည်း အိမ်ပြန်ရောက်ရောက်ချင်း ကျောင်းဝတ်စုံပင်မလဲနိုင်သေးပဲ ဒက်ဒီ့အခန်းဆီကို ခပ်မြန်မြန်တက်ခဲ့သည်။

"ရတယ်လေ ဝင်ခဲ့ အချစ်ကလေး၊"

ဒက်ဒီဆီမှခွင့်ပြုချက်ရတာနဲ့ မိန့်လည်း ဒက်ဒီရဲ့အခန်းတံခါးpasswordကို ခပ်သွက်သွက်ရိုက်နှိပ်ကာ ဝင်လိုက်သည်။Passwordက အထွေအထူးတော့မဟုတ် မိန့်ရဲ့မွေးနေ့။

မိန့် အခန်းထဲရောက်သွားတော့ ဒက်ဒီက bathrobeဖြင့်...ဆိုဖာမှာထိုင်ကာ ဝိုင်သောက်နေလေရဲ့။

"ဒက်ဒီကို အရေးကြီးကိစ္စမေးစရာရှိတယ် ဒက်ဒီ၊"

"မေးစေဗျာ...ထိုင်ပါဦး၊"

ဒက်ဒီကသူ့နံဘေးကို ညွှန်ပြသည်မို့ မိန့်လည်း ဝင်ထိုင်ရသည်။

"ဒက်ဒီ...သူတကယ်ပဲသေသွားပြီလား၊သူသေသွားတာသေချာရဲ့လား၊"

"ဘယ်သူလဲ အချစ်ကလေးရဲ့၊"

"သော်တာဝေဆာ"

ဝိုင်သောက်နေတဲ့ ဒက်ဒီ့လက်တွေက တန့်သွားသလို ပြုံးနေတဲ့ဒက်ဒီ့နှုတ်ခမ်းတို့က တည်သွားသည်။ထို့အတူ ပြေပြစ်နေတဲ့မျက်ခုံးတို့က တွန့်ချိုးကာ ကြုပ်သွားလေ၏။

"ရုတ်တရက်ကြီး...ဘာဖြစ်လို့လဲ မိန့်၊"

"မိန့်တို့ကျောင်းကို အသစ်ပြောင်းလာတဲ့ ကျောင်းသားရဲ့နာမည်ကလေ... သော်တာဝေဆာတဲ့၊"

"ဘာများလဲလို့၊နာမည်တူတာနေမှာပါ၊အချစ်လေး...ဒက်ဒီက အချစ်လေးကို ဘယ်တုန်းကလိမ်ဖူးလို့လဲ၊"

"ဒါပေမယ့်..."

"ဒက်ဒီက သေပြီလို့ ပြောခဲ့ရင်သေပြီပဲပေါ့ အချစ်လေးရယ်၊သွား နားတော့၊ကျောင်းကပြန်လာရတာ ပင်ပန်းနေရောပေါ့၊ဒီည အချစ်လေးကြိုက်တဲ့ဟင်းချက်ခိုင်းထားတယ်၊ဒက်ဒီတို့ ညစာအတူတူစားမယ် အိုခေ?"

Yours Is Mine(နှစ်မြွှာအသည်း|နှစ်မြွှာအသည်း)Where stories live. Discover now