Chapter ( 23 )

1.2K 107 5
                                    

Unicode

အမှောင်ထဲမှာ တစ်နေ့တာ

နှင်းဝတ်ရည်နဲ့ ဖုန်းပြောနေချိန်မှာ ရုတ်တရတ်ကြီး မှောင်ကျသွားခဲ့သော စာသင်ခန်းကြောင့် ခွန်ရှင်းနောင်ထိတ်လန့်သွားမိသည်။ သူဝင်လာခဲ့တဲ့ တံခါးပေါက်ဆီကို လှည့်ကြည့်မိတဲ့အခါ ထင်တဲ့အတိုင်း တံခါးကပိတ်သွားခဲ့ပြီ။

'f*ck လူတစ်ယောက်လုံးရှိနေတာကို ကန်းနေတာလား'

သူ့စိတ်ထဲ ပိတ်သွားသူကို ဆဲဆိုနေရင်း ဖုန်းမီးကို အလျင်အမြန်ဖွင့်လိုက်သည်။ ယခုစာသင်ခန်းက အလင်းပျောက်ကြောင်းလေးတွေတောင် တိုးမဝင်နိုင်တာကြောင့် လုံးဝကို အမှောင်ဖုံးလွှမ်းလျက်ရှိသည်။ ပြီးရင် တံခါးပေါက်မရှိ လေတိုးပေါက်မရှိ လုံသွားသော အခန်းက အပြင်က ဆူညံသံတွေကို ခပ်တိုးတိုးပဲ ကြားနိုင်တော့သည်။

တံခါးဆီကို သူချက်ချင်းသွားပြီးနောက် တံခါးကို ခပ်ပြင်းပြင်းထုလိုက်သည်။

"ဟေ့! ဟေ့ အထဲမှာ လူရှိတယ်ဟ။ လူရှိတယ်လို့ ကြားရဲ့လား။ နားကန်းနေတာလား!"

သူအော်ရင်း ပြောလိုက်ပေမယ့်လည်း အပြင်က ဘာတုန့်ပြန်မှုကိုမှ မကြားရတဲ့အခါ တံခါးပိတ်သွားသူက ချက်ချင်းလှည့်ပြန်သွားပြီဆိုတာ သိလိုက်ရသည်။ ခွန်ရှင်းနောင်မှာ ရုတ်တရတ် ဘာလုပ်ရမှန်းမသိနဲ့ ဒေါသထွက်လာပြီး တံခါးကို ဆယ်ချက်လောက်ထိ တဒုန်းဒုန်း ထုနေပေမယ့် သူ့လက်လေး ရဲတက်လာပြီး နာကျင်တာကလွဲရင် ဘာမှမရလိုက်​ပေ။

"ဟဲ့ အနောင်! အနောင် နင်ဘာတွေဖြစ်နေတာလဲ။ ငါပြောတာကြားရရဲ့လား ဟဲ့ကောင်"

သူ့လက်ထဲက ဖုန်းက ဝတ်ရည်ရဲ့အသံတိုးတိုးကို သူကြားလိုက်ရပြီး သူမနဲ့ဖုန်းပြောလက်စဆိုတာ ပြန်သတိရလိုက်သည်။ အမြန်ပဲ ရှင်းနောင်ဖုန်းကို နားပြန်ကပ်လိုက်ရသည်။

"ဝတ်ရည် ငါ... စာသင်ခန်းထဲ အပိတ်ခံလိုက်ရပြီ"

သူမက ပထမသူစနောက်နေတယ်လို့ ထင်ပြီး သူ့ကိုရယ်နေသေးသည်။ ရှင်းနောင်မှာ ဒီအခန်းထဲ တစ်နေ့လုံးပိတ်မိတော့မလားဆိုတာ တွေးပူပြီး သူ့အသံက ကူရာမဲ့ဖြစ်နေတဲ့အခါမှ သူမ,ယုံတော့သည်။ အပြင်ကိုအော်ပြီး အကူအညီတောင်းဖို့ ပြောပေမယ့် ထိုနည်းလမ်းက မဖြစ်နိုင်ပေ။ တံခါးကိုပိတ်ပြီး ချက်ချင်းထွက်သွားသူဆိုရင် သူနဲ့တခြားလူတွေထက် နီးနေနိုင်တာကို ထိုလူက လုံးဝမကြားတာကြောင့် သူ့ဆီကို ပြန်လှည့်မလာပေ။

I Found Love In a Village [Completed]Where stories live. Discover now