8

4.9K 522 19
                                    

Unicode.

ရုပ်ရှင်ကြည့်ပြီးနောက်မှာ ဝမ်ရိပေါ်က သူ့ကို အိမ်ပြန်ပို့
ပေးပါရစေလို့ တောင်းဆိုခဲ့ပေမယ့် ရှောင်းကျန့် အိမ်မှာ
ရှိနေတဲ့ သိမ်းငှက်နှစ်ကောင်လို သက်တော်စောင့်တွေကို
တွေးမိတဲ့အခါ ယဥ်ကျေးစွာနဲ့ပဲ ငြင်းဆိုလိုက်ပါတယ်။

" ဘာလို့လဲ? အနာဂတ်မှာ ကျွန်တော်က အစ်ကို့ကို
လာနှောင့်ယှက်မှာ စိုးလို့လား? "

" မဟုတ်ပါဘူး "

ရှောင်းကျန့်က ဆောလျင်စွာ ခေါင်းခါပြလိုက်တော့ ဝမ်ရိ
ပေါ် ရဲ့ ငယ်ရွယ်နုပျိုပြီး ချစ်ခြင်းမေတ္တာတွေနဲ့ပဲ ပြည့်နှက်
နေတဲ့ စိတ်နေစိတ်ထားလေးက ဝတ်ကျေတန်းကျေ လုပ်
ပေးချင်နေသေးတာကြောင့် သူက ထပ်မေးလိုက်တယ် :

" ဒါဆို ဘာလို့ လိုက်ပို့ခွင့်မပေးရတာလဲ? "

သူ့မျက်နှာက ပုံမှန်အတိုင်း ဖြောင့်မတ်နေပေမယ့် သူ့မျက်
ဝန်းတွေကတော့ နာကျင်နေပုံပါပဲ။ ရှောင်းကျန့် သည်းမခံ
နိုင်တော့တာကြောင့် ချီတုံချတုံ ဖြစ်သွားတယ် :

" အဲ့ဒါက လုံးဝကို မဖြစ်နိုင်လို့ပါ ကိုယ့်မိသားစုက အရမ်း
တင်းကြပ်ပြီး ကိုယ့်ကို သူစိမ်းတွေနဲ့ ထိတွေ့ဆက်ဆံခွင့်ကို
မပေးဘူးလေ ဒါကြောင့် ကိုယ့်ကို ကိုယ်တို့လမ်းထိပ်အထိ
ပဲ လိုက်ပို့ပေးလို့ မရဘူးလားဟင်? "

ပထမတော့ ဝမ်ရိပေါ်က သူ့ရဲ့ မိဘတွေက ​အပြင်လူတွေနဲ့
ထိတွေ့ဆက်ဆံခွင့်မပေးဘူးဆိုတာကို ချဲ့ကားလွန်းနေတယ်
လို့ ထင်ခဲ့တယ်။ အခု သူ့ရဲ့ အဆင်မပြေတဲ့ ပုံစံကို မြင်လိုက်
ရတော့ သူ့ကို ထိန်းချုပ်ထားတာက တကယ့်ကို တင်းကြပ်
တယ်ဆိုတာကို ယုံကြည်သွားခဲ့ပါတယ်။

" ကောင်းပြီ ကျွန်တော် အစ်ကို့ကို လမ်းထိပ်အထိပဲ
လိုက်ပို့ပေးပြီးရင် ပြန်လိုက်မယ် "

ရှောင်းကျန့် သက်ပြင်းချလိုက်ပြီး ဝမ်ရိပေါ်ရဲ့ လိုက်ပို့ချင်
တဲ့စိတ် ပြင်းပြနေမှုကြောင့် သူ့နှလုံးသားတစ်ခုလုံးက ချို​
မြိန်မှုတွေနဲ့ ပြည့်နှက်သွားရတယ်။ နှစ်ယောက်က ရှောင်း
ကျန့်အိမ်ကို တိုက်ရိုက်သွားဖို့ တက္ကစီတစ်စီးကို ငှားလိုက်
ကြတယ်။ ဝမ်ရိပေါ်က ပျင်းရိနေပြီး ရုတ်တရက်ဆိုသလို
သူ့ဆီကနေ စကားတစ်ခွန်း ထွက်ကျလာခဲ့တယ် :

အတွင်းရေးမှူးရှောင်းကနည်းနည်းထူးဆန်းနေသလိုပဲWhere stories live. Discover now