အပိုင်း(၂) နတ်ဘုရား၏ တစ်စိတ်တစ်ပိုင်း

112 13 0
                                    

Kane......
Jeno တိုးညှင်းစွာ ခေါ်လိုက်သည်။

Kane.......
စက္ခု အာရုံ ဆယ်သွယ်ရေးလိုင်းထဲ Kane ဝင်ရောက်လာသည်။

"ဘာပြောစရာရှိလို့လဲ Jeno"
"ကလေးက ငါ့ကို မြင်နေရတယ်"

Kane တစ်ယောက် အံ့ဩသွားဟန်ဖြင့်
"ဘယ်လို ဘယ်လို"
"ကလေးက ငါ့ကို မြင်နေရတယ်လို့"
"အထူးအဆန်းပဲ သာမန်လူဆို ငါတို့ကို မြင်နိုင်စရာ အကြောင်းမရှိဘူး ငါ ဂျက်စမင်ကို ခေါ်လိုက်မယ် ခဏစောင့်"

"ဂျက်စမင် ဂျက်စမင်" ရေးကြီး သုတ်ပျာနှင့် ဂျက်စမင်ရောက်လာသည်။

"ဘာလဲ Kane ငါ အလုပ်ရှုပ်နေလို့ မြန်မြန်ပြော"

"Jolla တာဝန်ပေးထားတဲ့ လူသားကလေးလေ"
"အင်း သူက ဘာဖြစ်လို့လဲ"
"သူ.....သူ Jeno ကို မြင်နေရတယ်"
ဂျက်စမင် မအံ့ဩသည့်ဟန်ဖြင့် သက်ပြင်းတစ်ချက်ချပြီး လျှောကျနေတဲ့ မျက်မှန်ကို လက်ဖြင့် မတင်လိုက်သည်။
"ဒီအရွယ် ကလေးတွေက သူတို့ရဲ့ အစောင့်အရှောက်ကို မြင်ရတာ ထုံးစံပဲ Kane ရဲ့။ လူမှန်း သိတတ်စ အရွယ်မှသာ မမြင်ရတော့တာ"

"နတ်ဆိုးတွေက ဒီတာဝန်ကို မလုပ်ဖူးတော့ ဘယ်သိပါ့မလဲ" အထင်သေးဟန်ဖြင့် ဂျက်စမင်က ဆိုလိုက်သည်။

Jeno တစ်ခုခု ပြောမည့် ဟန်ပြင်နေခိုက် Kane က
"အိုကေလေ သဘောပေါက်ပါပြီ ငါတို့ ကြည့်လုပ်လိုက်ပါ့မယ် ဂျက်စမင် လာရာလမ်းအတိုင်း သွားလို့ ရပါပြီ"
.........

ထို့နောက် စက္ခုအာရုံထဲမှ ဂျက်စမင် ထွက်သွားလေသည်။
"မင်း ဘာလို့ အလျော့ပေးလိုက်တာလဲ Kane"
"Jolla ကို စစ်ရှုံးထားတာ မှန်ပေမယ့် ငါတို့က သူတို့ လက်အောက်မှာတော့ လုံးဝ မဟုတ်သေးဘူး။ ငါတို့ရဲ့ စည်းမျဉ်းစည်းကမ်းတွေကို မင်းမေ့သွားတာလား။ ပြီးတော့ ဂျက်စမင်ဆိုတာလည်း ငါတို့ဆို နတ်ဆိုးပဲလေ။ စစ်ရှုံးပြီး သုံ့ပန်း အနေနဲ့ ပါသွားလို့သာ Jolla ဆီ ရောက်သွားတာ။ သူက ခုမှ လာပြီး ငါတို့ကို အထင်သေးသလိုနဲ့"
"ဂျက်စမင်မှာ သူ့အကြောင်းနဲ့ သူရှိတယ် Jeno
ခု လာတဲ့ တစ်ယောက်ဟာ ဂျက်စမင်အစစ်လည်း ဖြစ်နိုင်သလို အတုလည်း ဖြစ်နိုင်တယ်။ သုံ့ပန်းတွေ အနေနဲ့ သခင်ဆီမှာ ခစားတာ နှစ် ၅၀၀ မပြည့်သေးခင် အကုန် ထိန်းချုပ်ခံရတာ"
"အူးဝါး အူးဝါး"
Jeno Kane နဲ့ စကားပြောနေခိုက်မှာပဲ ကလေးငယ်၏ အော်ငိုသံ ထွက်ပေါ်လာသည်။
"ကလေး ငိုသံကြားတယ် ငါသွားတော့မယ် Kane ဘိုင့်"
"အမလေး ကလေးငိုလို့ ချက်ချင်းထွက်သွားတယ်ဆိုပဲ နတ်ဆိုးတစ်ကောင်ကလေ!? ငါ နားကြား မှားနေလားပဲ" စက္ခုအာရုံထဲ တစ်ယောက်တည်း ကျန်ရစ်သည့် Kane တစ်ယောက် ရေရွတ်နေမိသည်။
......

Jeno ပြင်ပ လောကသို့ ပြန်ထွက်လာသောအခါ နို့ဆာနေသော ကလေးငယ်ကို သူနာပြုတစ်ဦး ဗူးနှင့် နို့တိုက်နေသည်ကို မြင်လိုက်ရသည်။ သူ အနား ရောက်သည်ကို ကလေးက မြင်သည်။ နို့‌ဗူးစို့လက်စနှင့် သူ့ဘက် မျက်လုံးလေး စွေစောင်းကာ လှည့်ကြည့်သည်။ သူနာပြု ဆရာမက သူ့ကို ကြည့်သည်အထင်နှင့် ကလေးကို ပြုံးပြပြီး "ချစ်စရာလေးကွယ် သားသားက" ဟုဆိုကာ ကုန်‌သွားပြီ ဖြစ်တဲ့ နို့ဗူးကို ဖယ်ထုတ်ပြီး ပေါင်းချောင်ကို အုပ်ကာ ထွက်သွားလေတော့သည်။ ကျန်ရစ်ခဲ့သည့် ပေါင်းချောင်ထဲမှ ကလေးကို ကြည့်ပြီး "အင်း ဟုတ်တယ် ချစ်စရာလေး" ဟု Jeno ပါးစပ်မှ ရေရွတ်နေမိသည်။
.......

2005 ခုနှစ် Jaeminnie မူကြိုတက်မယ့်အရွယ်

Jaeminnie လေး ပထမဆုံး ကျောင်းတက်ရမည် ဖြစ်တဲ့အတွက် အရမ်းကို ပျော်နေသည်။ သူအချစ်ရဆုံး မေမေ ဝယ်ပေးထားတဲ့ ကျောပိုးအိတ်အဝါ‌ေရာင်‌ေလးကို ဝယ်ပြီး ကဆုန်ပေါက် ပြေးလွှားနေစဉ် မေမေက
"အိုမို အိုမို မေ့မေ့သားလေးကတော့ ကျောင်းရောက်တာနဲ့ သူငယ်ချင်း အသစ်တွေနဲ့တွေ့ပြီး မေမေ့ကို မေ့သွားတော့မှာပဲ။ အချွဲစိန် Jaemin လေးက ထိုင်နေတဲ့ သူ့မေမေ ပေါင်ပေါက်တက်ထိုင်ပြီး မေမေ့ပါးနှစ်ဖက်ကို ညှစ်ကာ "ဂျယ်မင်းနီးက ဒီကမ္ဘာမှာ မာမီ့ကို အချစ်ဆုံး" ဟုပြောကာ ချွဲနေလေတော့သည်။

"အမလေး ငါတို့သားလေး ဘာစားချင်လဲ ပြော မေမေ့ကိုပြော"
"ဟမ်ဘာဂါ ဟော့ဒီလောက် အကြီးကြီး" ဘယ်၊ညာ လက်နှစ်ဖက်လုံးထောင်ကာ ပြတော့ မေမေ သဘောတကျ ရယ်ပါတော့သည်။

ထိုမြင်ကွင်းကို အိမ်ခန်းထောင့် တစ်နေရာမှ မြင်နေရတဲ့ Jeno ပါ သဘောကျစွာ ရယ်မောနေမိသည်။

Guardian || NominWhere stories live. Discover now