I Own You (Part2)

794 70 2
                                    

Sunghoon လည်းမိဘတွေရှိတဲ့စားပွဲဆီသာတည့်တည့်လျှောက်ခဲ့လေသည်။အဝေးမှကြည့်လျှင်သူ့ကိုနောက်ကျောပေးပြီးထိုင်ကာစကားပြောနေသည့်အမျိုးသမီးတယောက်ကိုခပ်လှမ်းလှမ်းမှတွေ့လိုက်ရသည်။မျက်နာကိုမမြင်ရသော်လည်းသူမှတ်မိနေပါသည်။ထိုသူကား....

"အာညာဆရော်.....အန်တီရှင်ဟီး...."

ခါးကို45°လောက်ကိုင်းကာနှုတ်ဆက်လိုက်သည်။

ထိုအခါသူ့အား‌ေနာက်‌‌ေကျာ‌ေပးကာမိဘများအားစကားပြောနေသည့်ထိုအမျိုးသမီးကလှည့်ကြည့်၍

"ဟယ်....ဆောင်ဟွန်းနီး...."
"ကြည့်စမ်းချောလာလိုက်တာ.....မတွေ့ရတာ‌ကြာတော့မှတ်တောင်မမိဘူး"

ဆောင်ဟွန်းစိတ်ထဲတွင်****

မမှတ်မိဘူးသာပြောတယ်နာမည်တောင်ပြောပြီးပြီကို...

သို့သော်အပြင်ကတော့ပြုံးသာပြလိုက်ပြီးဘာမှတော့မပြောလိုက်။

ထိုအခါပတ်အွန်းဂျီ(ဆောင်ဟွန်းအိုမား)က

"ဟယ်...မဟုတ်တာ....ဂျယ်ယွန်းကမှပိုချောတာပါဟယ်"

"ဟယ်...မဟုတ်ရပါဘူး....လာလာ
သား။ဒီမှာလာထိုင်"

ပြောပြောဆိုဆိုနဲ့ရှင်းမ်ရှင်ဟီး
(ဂျိတ်ခ်အိုမား)ကဆောင်ဟွန်းလက်ကိုဆွဲကာသူ့ဘေးကထိုင်ခုံမှာထိုင်စေသည်။ထို‌ေနာက်ဆောင်ဟွန်းလဲဘေးမှာထိုင်နေတဲ့ရှင်းမ်သခင်ကြီးကိုနှုတ်ဆက်လိုက်သည်။စကားလက်ဆုံပြောရင်းရှင်းမ်သခင်ကြီးက

"အယ်...ပြောရင်းနဲ့မှငါတို့ရဲ့အဓိကမင်းသားကြီးကဘယ်ရောက်နေတာလဲ"

ဟုရှင်းမ်ရှင်ဟီးကိုမေးလိုက်လေသည်။

"မသိဘူးလေ။သူပြောတော့ရှင်တို့အတွက်ဝိုင်သွားယူတာဆို"

"တယ်....ဝိုင်ယူတာဒီလောက်ကြာသလား?ဘယ်ကောင်မလေး‌ေတွနဲ့များစကားကျနေလဲမသိ..."

ထိုသို့ပြောပြောပြီးချင်းမိဘများကရယ်ကြလေသည်။ထိုအထဲတွင်ဆောင်ဟွန်းလဲနဲနဲပြုံးမိသည်။ထိုအခါနောက်မှ

"အာ....အာပါးကလဲဘယ်ကကောင်မလေးနဲ့စကားကျရမှာလဲ"

အသံကြားကြားချင်းကြားဖူးသယောင်ယောင်မို့ဆောင်ဟွန်းလဲလှည့်ကြည့်လိုက်မိသည်။ခုနကတိုက်မိသည့်လူ......
ဒါဆိုအဲ့လူကဂျယ်ယွန်းဟျောင်းပေါ့.....
အာ....ငါတော့သွားပါပြီ...
ဘာလို့မမှတ်မိတော့တာပါလိမ့်....
ဆောင်ဟွန်းအတွေးထဲတယောက်ထဲရန်ဖြစ်နေတုန်း‌ပတ်အွန်းဂျီကလက်ကိုတို့ကာဂျယ်ယွန်းကိုမေးဆတ်‌ပြလေသည်။ထိုအခါသူ့အိုမားကိုခေါင်းတချက်ငြိမ့်ပြကာ
ဂျယ်ယွန်းကား

I Own You (Heehoon Myanmar)Where stories live. Discover now