မင်ဟိုတစ်ယောက် နှိုးစက်သံကြောင့် အိပ်နေရာမှမထချင်လဲ ထလာရတယ်
မင်ဟို နိုးနိုးချင်းတွေးမိတာ ရှဉ့်ပေါက်လေး အကြောင်း သူသိပ်ချစ်ရတဲ့ ရှဉ့်ပေါက်လေးပေါ့ သူကတော့ မင်ဟို့ကို သိမယ့်ပုံတာင်မပေါ်
တွေးရင်းနဲ့သာ ရေချိုးခန်းထဲ ဝင်သွားခဲ့တယ်
ရေချိုးခန်းထဲဘယ်လောက်ကြာသွားလဲမသိ ချန်းဟျောင်းအသံကြားမှ သတိပြန်ဝင်လာသလိုလို
မင်ဟို မင်း ရေချိုးခန်းထဲမှာကြာနေပြီနော်
ဟုတ် ဟျောင်းထွက်လာပြီ
ပြင်ဆင်ပြီး မနက်စာစားဖို့ ထွက်လာတော့
အီမင်ဟို မင်း အမြဲအဲ့လိုအကြာကြီး ရေစိမ်နေရင် မကြာခင် လေဖြတ်လိမ့်မယ်
ဟျောင်းကလဲ တစ်ခါတည်းပါ
မင်း တစ်ခါတည်းကလဲ နေ့တိုင်းလိုလိုပဲ
ချန်းဟျောင်းကို ပြုံးပြပြီးသာ ကျောင်းသွားဖို့ထွက်လာခဲ့တယ်
မင်ဟို ကျောင်း မှာရှိနေတဲ့အချိန်ကို အပျော်ဆုံးပါ သူ့ရှဉ့်ပေါက်လေးကို ခိုး" ကြည့်လို့ရတယ်လေ သူ့ရှဉ့်ပေါက်လေးကတော့ တစ်ခါမှ ပြန်မကြည့်ပေမယ့်
ကျောင်းသွားနေတုန်း မင်ဟို နောက်ကျောမလုံသလို ခံစားနေရတယ် ကြာပြီ ဒီလိုခံစားနေရတာ တစ်ယောက်ယောက်က နောက်ကလိုက်နေသလိုမျိုး လှည့်လဲမကြည့်ရဲပါ တော်ကြာ ပြန်ပေးဆွဲသွားမှ ဒုက္ခ (ကျွန်တော်ဆွဲချင်နေတာကြာပြီလေ)
ခနလောက်ကြာတော့ သူ့ရှေ့လာပိတ်ရပ်တဲ့ ကောင်မလေး တစ်ယောက် အော် သူက ကျောင်းရဲ့ queen သူ့ရှဉ့်ပေါက်လေးနဲ့ တစ်ခန်းထဲ
ဟိုလေ စီနီယာ မင်ဟို
အင်း ဘာကိစ္စ
မင်ဟို ရဲ့ အေးစက်စက် အမူအရာကြောင့် ကောင်မလေးဘက်မှ စကားပြန်မလာ
ကိစ္စမရှိလဲသွားပြီ အချိန်ကုန်တယ်
မဟုတ်ဘူး ပြောပါမယ်
ပြော
ဟို စီနီ့ယာ နောက်က အမြဲ လိုက်နေတဲ့ ဟန်ဂျီဆောင်း ဆိုတဲ့ တစ်ယောက်လေ