ဘာ!!!!
ခန့်သူရိန်တစ်ယောက်တကယ်လန့်သွားတယ်
"ဘာအခုငါတို့ဘယ်လိုလုပ်ကြမလဲ"
ရက်စက်စေတမာန်သူ့ရဲ့အသုံးမကြတဲ့ညီငယ်ကိုပညာပေးရန်လာခဲ့တယ်
ဒုန်း ဒုန်း ဒုန်း(တံခါးခေါက်သံ)
"ပိုးကြိုးဖြူခုချက်ချင်းတံခါးလာဖွင့်စမ်း"
ဒုန်း ဒုန်း ဒုန်း
"systemရေငါမစခင်ကတည်းကသေရတော့မှာလားဝူးးးဝူးးငါလေးလင်မရသေးဘူးလေအဟင့်"
ထိုအချိန်တွင်
ဝုန်းး!!
ရက်စက်စေတမာန်ဟာတံခါးကိုအကြိမ်ကြိမ်ခေါက်ပေမဲ့ဟိုခွေးကောင်လေးကသူကိုအရေးတောင်မလုပ်
"တောက်ဒီခွေးကောင်လေး"
နဂိုကတည်းကစိတ်ရှည်တဲ့အထဲမှာမပါလို့ဒေါသစိတ်တွေအကုန်တံခါးပေါ်မှာပုံချဖျက်စီးပြီးအခန်းထဲသို့ဝင်လာခဲ့တယ်
"ပိုးကြိုးဖြူ!!မင်းဘာသောက်ချိုးချိုးတာလဲဟမ်!!!မင်းက!...."
ပြောမဲ့စကားတွေလေထဲမှာတင်တန့်သွားခဲ့သည်
ဘာဖြစ်လို့လဲဆိုတော့မွေ့ယာပေါ်မှာအိပ်ချင်မူးတူးရုပ်လေးဖြင့်သူ့အားအူကြောင်ကြောင်လေးကြည့်နေသောကောင်လေးကြောင့်ဖြစ်သည်
ကြည့်ရတာအပြည့်အဝနိုးသေးသည့်ပုံမပေါ်
ခေတ္တမျှသတိလက်လွတ်ငေးမောနေမိပြီးနောက်
အသိပြန်ဝင်လာသည်
အသိဝင်လာသည့်အချိန်တွင်ပထမဆုံးနှုတ်မှထွက်လာသည်းစကားက
"အဟင်း နိုးပြီလား"
"အင်းးးးနိုးပြီ"
ပိုးကြိုးဖြူတစ်ယောက်ဘာလုပ်လို့ဘာကိုင်ရမှန်းမသိဖြစ်နေတဲ့အချိန်အခန်းထဲသို့ဝုန်းဒိုင်းကြဲဝင်လာတဲ့သူ့ရဲ့အစ်ကိုသုံးကြောင့်လန့်သွားတယ်
အဟင်းလန့်သွားတာထက်နတ်ဆိုးတစ်ပါးလိုချောမောခန့်ညားလွန်းတဲ့မျက်နှာကိုအသိစိတ်လွတ်စွာငေးမောနေမိတာဆိုပိုမှန်မယ်