"ခင်ဗျားတို့က ဝမ်ရို့ဟန်ကို သေစေချင်နေတယ်" အရှင်က ခပ်ပေါ့ပေါ့လေး ဆက်ပြောနေပြန်သည်။ "ခင်ဗျားတို့က သူ့ကြိုးကိုင်ထားတဲ့ အလောင်းကောင်တွေကို အပြတ်ရှင်းပစ်တာမျိုး လိုချင်တယ်၊ သူ့ရဲ့နန်းဆောင်တွေအားလုံး ပြာကျသွားတဲ့အထိ၊ သူ့ရဲ့စစ်သားတွေအားလုံး အူအပိုင်းပိုင်းပြတ်တဲ့အထိ တောင်းပန်တိုးလျှိုးနေရတဲ့အထိ ဖြစ်ချင်တယ်။ ဒီလောက်ဆို အခုပြောတာ အကုန်စုံသွားပြီလား?"
သူက ဓားသွားလိုထက်ရှတဲ့ အပြုံးတစ်ခုပေးလိုက်ပြန်ရဲ့။
"ဒါပေမယ့် မင်းတို့ဘက်ကရော? အတုံ့အလှည့်အနေနဲ့ ငါ့ကို ဘာများပြန်ပေးမှာလဲ?"
"ဝမ်ရို့ဟန်ကျဆုံးရေးအတွက် ကျွန်တော်တို့ဘက်က ဘာမဆို လိုက်လျောပေးဖို့ ဆန္ဒရှိပါတယ်" လန်ရှီးချန် ဝန်ခံလိုက်ရသည်။ "ဒါပေမယ့် အမတအရှင်လိုပုဂ္ဂိုလ်တစ်ယောက်က ဘယ်အရာမျိုးကို ဆန္ဒရှိသလဲဆိုတာ ကျွန်တော်တို့မသိတဲ့အတွက် စိုးရွံ့မိပါတယ်။ ကျေးဇူးပြုပြီး လမ်းညွှန်ပြသပေးပါ"
အရှင်က ရွက်ဖျင်တဲ အရှေ့ဖက်ခြမ်းကို လက်ဝှေ့ယမ်းပြလိုက်၏။ "ဒုတိယလန်သခင်လေးကို ငါလိုချင်တယ်"
«အကျဉ်းချုံးပြောရရင်တော့ နေမင်းပစ်ခွင်း တိုက်ပွဲဟာ ရီလင်းအရှင်ကို ထိမ်းမြားလက်ထပ်လိုက်ရခြင်းနဲ့ အဆုံးသတ်သွားခဲ့ပြီး လန်ဝမ့်ကျီးတစ်ယောက်ဟာ ကိုယ့်လင်ယောကျာ်းကိုပဲ စုံမက်သွားမိတဲ့ အဖြစ်နဲ့ ကြုံရလေသတဲ့»
YOU ARE READING
မီးလျှံများနှင့် အသွေးအသားထဲက ချစ်ခြင်းမေတ္တာ
Fanfiction"ခင်ဗျားတို့က ဝမ်ရို့ဟန်ကို သေစေချင်နေတယ်" အရှင်က ခပ်ပေါ့ပေါ့လေး ဆက်ပြောနေပြန်သည်။ "ခင်ဗျားတို့က သူ့ကြိုးကိုင်ထားတဲ့ အလောင်းကောင်တွေကို အပြတ်ရှင်းပစ်တာမျိုး လိုချင်တယ်၊ သူ့ရဲ့နန်းဆောင်တွေအားလုံး ပြာကျသွားတဲ့အထိ၊ သူ့ရဲ့စစ်သားတွေအားလုံး အူအပိုင်းပိုင်...