စစ်ပွဲကား အခြေအနေမလှတော့။
တကယ်တော့ အခြေအနေမှာ အတော်ဆိုးနေပြီဟုပင် ဆိုနိုင်ပါသည်။ တစ်နေ့ပြီးတစ်နေ့ အသစ်အသစ်သော အရှုံးတွေနဲ့ချည်းသာ။ သူတို့ရိက္ခာများသာ တစ်စတစ်စနှင့် လျော့ပါးလာခဲ့သည်၊ သူတို့အင်အားစုများကတော့ နောက်ဆုတ်ပြီးရင်း ဆုတ်ရင်း။ လွန်ခဲ့သည့်နှစ်နှစ်တာ ကာလအတွင်း မြေချစျာပနပေါင်း မည်မျှတက်ရောက်ခဲ့ပြီးပြီလည်း လန်ဝမ့်ကျီး မမှတ်မိတော့ပါ။ သို့ပါသော်လည်း ရက်၊ လ နှင့် အချိန်နာရီများကိုတော့ သူ တာလီချိုးရင်း မှတ်သားထားနိုင်ခဲ့ပါသေး၏။
နေ့တာများက ပို၍တိုတောင်းလာခဲ့လေပြီ။ သူတို့အင်အားစုများအနေဖြင့် စစ်မြေတလင်းတွင် ဒုတိယမြောက်ဆောင်းရာသီကို အသက်ရှင်လျက် ကျော်ဖြတ်နိုင်မည်လား၊ သူ မသေချာပါ။ သို့တိုင်အောင် ရှေ့ဆက်တိုးရုံမှတစ်ပါး အခြားလုပ်စရာလည်းမရှိခဲ့။
သည်လိုနဲ့ပဲ မနက်ခင်းတိုင်း လန်ဝမ့်ကျီးတစ်ယောက် စောစောထပြီး သူ့ဂိုဏ်းဝတ်စုံဖြစ်သော အဖြူရောင်ဝတ်ရုံရှည်ကို ဝတ်ဆင်ကာ တိုက်ပွဲနောက်တစ်ခုကို ရင်ဆိုင်တိုက်ခိုက်ရပြန်၏။ တိုက်ပွဲအပြီး ထိခိုက်ဒဏ်ရာရသူများကို ကြည့်ရှုပေးရင်း မစို့မပို့လောက်သာကျန်ရှိသော ရိက္ခာများကို နေရာချထားခွဲဝေပေးရသည်။ ထိုကိစ္စများပြီးပြတ်သည်နှင့် အစ်ကိုဖြစ်သူရှိရာ အစည်းအဝေးကျင်းပသည့် ရွက်ဖျင်တဲသို့ သွားရောက်ရပြန်သည်။
နှစ်နှစ်တာလုံး အတူယှဉ်တွဲ တိုက်ပွဲဝင်ခဲ့ကြသည့်အတိုင်း ဂိုဏ်းခေါင်းဆောင် အတော်များများကို ဝမ့်ကျီး ကောင်းကောင်းသိပါသည်။ သူတို့ကလည်း သူ့အကြောင်းကို သိနေကြသည်မို့ ဆွေးနွေးတိုင်ပင်ကြရာတွင် စကားဝင်ပြောရန် သူ့ကို မျှော်လင့်မထားကြပါ။ ထိုအစား တိတ်တဆိတ် နားထောင်ရသည့် အခွင့်လေးရရှိထားခဲ့ရာ အစ်ကိုဖြစ်သူ၏ တိုက်ပွဲနည်းနာအသစ်များ အသေးစိတ် စီမံရေးဆွဲနေခဲ့သည်ကိုသာ လန်ဝမ့်ကျီး ဂရုတစိုက် နားထောင်နေခဲ့၏။သို့ပါသော်လည်း ဂိုဏ်းခေါင်းဆောင်များကတော့ ဂနာမငြိမ် ဖြစ်နေကြလေပြီ။ အစည်းအဝေးပြုလုပ်နေခိုက်မှာပင် သူတို့အာရုံများက ဟိုတစ်စ သည်တစ်စ ပျံ့လွင့်လျက်။
YOU ARE READING
မီးလျှံများနှင့် အသွေးအသားထဲက ချစ်ခြင်းမေတ္တာ
Fanfiction"ခင်ဗျားတို့က ဝမ်ရို့ဟန်ကို သေစေချင်နေတယ်" အရှင်က ခပ်ပေါ့ပေါ့လေး ဆက်ပြောနေပြန်သည်။ "ခင်ဗျားတို့က သူ့ကြိုးကိုင်ထားတဲ့ အလောင်းကောင်တွေကို အပြတ်ရှင်းပစ်တာမျိုး လိုချင်တယ်၊ သူ့ရဲ့နန်းဆောင်တွေအားလုံး ပြာကျသွားတဲ့အထိ၊ သူ့ရဲ့စစ်သားတွေအားလုံး အူအပိုင်းပိုင်...