🄲🅄🄳🄳🄻🄴🅂

871 56 42
                                    

တစ်​နေ့တစ်​နေ့ပိုပိုပြီးများလာတဲ့ Company အလုပ်​တွေကြား Kanemoto Yoshinori ​ခေါင်းပင်မ​ဖော်နိုင်။

မ​နေ့ညကလဲအိမ်မပြန်ဖြစ်သလိုသူ့သတို့သား​လောင်းကိုလဲပစ်ထားမိတာကြာပီ။ စကား​တောင်​နောက်ဆုံး​ပြောဖြစ်တာလွန်ခဲ့တဲ့နှစ်ရက်ကထင်ပါ့။

က​လေးဆန်ပြီးချွဲတတ်တဲ့သူ့​ကောင်​လေးက​တော့စိတ်​ကောက်​တော့မှာအ​သေအ​ချာ။ တစ်ခုထူးဆန်းတာကသူ့​ကောင်​လေးသူ့ကိုခုထိဖုန်းဆက်မလာ​သေး။ ပုံမှန်ဆိုဖုန်း​ခေါ်ပြီးအချွဲ​လေးလုပ်​နေ​တော့မှာ​လေ။

"Boss"

"ဝင်ခဲ့!"

အပြင်ကအ​တွေး​ရေးမှုးမ​လေးအသံ​ကြောင့်အ​တွေးတွေကိုရပ်ပြီးလက်မှတ်ထိုး​နေတဲ့စာချုပ်​တွေကိုပြန်အာရုံစိုက်လိုက်တယ်။

"ဟို​လေ.."

"​ပြော​"

​ပြောရမှာမသက်မသာဖြစ်​နေတဲ့သူ့အတွင်း​ရေးမှုးကိုမျက်လုံးတစ်ချက်ပင့်​ပေးလိုက်​တော့ပင့်သက်တစ်ချက်ရှိုက်ပြီးစကားဆက်လာတယ်။

"ဟို... Boss ​ကောင်​လေးကဖျား​နေတယ်ဆိုလို့..."

"ဘာာာ!!!!"

လန့်သွားတဲ့အတွင်း​ရေးမှုးက​နောက်ကို​​ခြေနှစ်လှမ်း​လောက်ဆုတ်သွားပြီးရင်ဘတ်က​လေးဖိ​နေရှာတယ်။

"ကျစ်! ဘာလို့ဖုန်းမဆက်ရတာလဲ"

"Boss ဖုန်းကပိတ်..ပိတ်ထားတယ်ဆိုလို့"

"Aish! အားကုန်သွားတာဖြစ်မယ်"

ဘယ်လိုဖွင့်ဖွင့်ပွင့်မလာ​တော့တဲ့ဖုန်းကိုအိတ်ထဲပစ်ထည့်ပြီးကား​သော့ကို​ကောက်ကိုင်ကာသူအိမ်ပြန်ဖို့ပြင်လိုက်တယ်။

အ​နောက်က​နေခန​နေရှယ်ယာရှင်​တွေနဲ့ Meeting ရှိ​ကြောင်း​အော်​ပြော​နေတဲ့အတွင်း​ရေးမှုးကိုလဲသူဂရုမစိုက်​တော့။

ရှယ်ယာရှင်​တွေနဲ့ပြဿနာတက်လို့ Company ​ဒေဝါလီခံရတာထက်သူမရှိလို့ဂျီကျ​နေမယ့်က​လေး​လေးကပိုအ​ရေးကြီးတယ်။

စိုးရိမ်စိတ်​​တွေနဲ့မိုင်ကုန်​မောင်းလာတာအိမ်တောင်ဘယ်လို​ရောက်လာမှန်းမသိလိုက်။

🄲🅄🄳🄳🄻🄴🅂Where stories live. Discover now