ဟင်းးးးးငါဘယ်လိုလုပ်ရပါ့မလဲ
ဂျွန်းထွက်သွားပြီးနောက်မှာ ဘုရင်ကြီးတယောက်
စဉ်းစားခန်းဖွင့်နေမိတယ် သူကသူ့သားတော်အတွက်
အကောင်းဆုံးတွေကိုပဲလုပ်ပေးချင်ခဲ့တာ
ထူးဆန်းတဲ့ဖြစ်တည်မှုေလးနဲ့ မွေးဖွားလာတဲ့
သူ့ရဲ့အငယ်ဆုံးသားတော်လေးကိုတအားချစ်ခဲ့ရတာ
မွေးလာကတည်းနီတာရဲလေးကိုဘုရင်ကြီးအသည်းယားခဲ့ရတာ
စစ်သူကြီးပြောသလိုပဲ မင်နိုင်ငံရဲ့ဘုရင်နဲ့သာလက်ဆတ်ရင်
သူ့သားတော်လေးအတွက် အကောင်းဆုံးဖြစ်မယ်ဆိုတာသိပေမဲ့
မင်နိုင်ငံဘုရင်ကသူ့သားတော်လေးကိုချစ်ရဲ့လား
သူ့သားတော်လေးကရောလက်ခံပါမလားဟူးးးးးးးးးးးး သက်ပြင်းရှည်ကြီးကိုချလိုက်မိပြန်တယ်
အိပ်ဆောင်ဝင်တဲ့အချိန်ထိ အတော်ကြာစဉ်းစားပြီးတဲ့နောက်မှာ
ဆုံးဖြတ်ချက်တခုကို ပြတ်ပြတ်သားသားချလိုက်တော့တယ်နောက်နေ့မနက်
ပတ်နိုင်ငံရဲ့နန်းတော်အတွင်းရှိ မင်းသားငယ်နန်းဆောင်
မင်းသားငယ်လေးဝတ်ရုံလဲရအောင်ပါ
ဂျီ-ဟုတ်ကောင်းပြီ ဝင်လာခဲ့ပါအစေခံတွေပြုံးမိတယ်သူတို့ခစားရတဲ့မင်းသားငယ်က
မောက်မာခြင်းမရှိ ချစ်ဖို့သိပ်ကောင်းလွန်းတယ်
ခုသူတို့ကိုစကားပြောတဲ့ပုံစံကသက်သေပါပဲမင်းသားလေးကိုဝတ်ရုံလဲပေးနေကြတာပေါ့ အမြဲတမ်း
အဖြူရောင်ကိုဝတ်တတ်တဲ့ မင်းသားငယ်လေးက
ဒီကနေ့မှာလည်း အဖြူရောင်ဝတ်ရုံကိုဝတ်ဆင်ထားပြီး
ဆံပင်တစ်ဝက်ကိုစည်းထားပြီးတစ်ဝက်ကိုဖြန့်ချထားတယ်
မင်းသားငယ်လေးရဲ့ပြင်ဆင်ပုံကရိုးရိုးရှင်းရှင်းလေးဆိုပေမဲ့
ကြည့်မိသူတိုင်းမျက်လုံးမလွှဲနိုင်အောင် လှရက်လွန်းတယ်ဂျီ-ဟိုဆော့ကီးတို့ရောဟင်
ရေကန်နားမှာစောင့်နေမယ်လို့ပြောထားပါတယ်မင်းသားငယ်လေး
ဂျီ-အော်ဟုတ်လား
ဟုတ်ပါတယ်မင်းသားငယ် မင်းသားငယ်လေးကလှလိုက်တာ
ဂျီ-ဟာ ဘာလှတာလဲ ချောတယ်လောက်တော့လုပ်ပါသူ့ကိုလှတယ်ပြောလို့ ခြေဆောင့်နှုတ်ခမ်းဆူပြီး
ရန်တွေ့လာတဲ့ ကျမတို့ရဲ့မင်းသားငယ်လေးရယ်ပါ
ဒီမင်းသားငယ်ကို မချစ်ပဲမနေနိုင်တာအပြစ်မဟုတ်ဘူးမလား
ငယ်ငယ်ကတည်းကစောင့်ရှောက်လာရတဲ့ကလေးလေးကို
ဒီအထိန်းတော်ကြီးကအရိပ်တကြည့်ကြည့်နဲ့ချစ်တာ