(Unicode)
အခန်းကျယ်ကျယ်ထဲကို အတင်းကာရော တိုးဝင်နေသည့်အလင်းရောင်တွေသည် နေရာအနှံ့ပြန့်ကျဲလျက်။ ထိုအချိန် ကုတင်ထပ်မှ ကောင်လေးကတော့ အိပ်မှုန်ဆုံဖွားနှင့် လူးလွန့်လာသည်။ ထိုကောင်လေးက အိပ်ရာနိုးနေပြီဖြစ်သော်လည်း မထသေးပဲ အိပ်ရာကျယ်ကျယ်ပေါ်မှ လွတ်နေသောဘေးဘက်ကို စမ်းကြည့်နေပြန်သည်။
ဟက်ခနဲ ရယ်သံတစ်ချက်ပြုလိုက်သည်။ ရယ်သံပေါ့၊ ရင်နာစရာကောင်းလှတဲ့ထိုရယ်သံ။ ထို့နောက် လွတ်နေသောနေရာဆီကိုပဲ အတင်းတိုးဝင်လျက်။ ထိုကောင်လေး အာရုံထဲတော့ သူဟာလူတစ်ယောက်ရင်ခွင်ထဲကို တိုးဝင်နေတာဖြစ်ကောင်းဖြစ်နိုင်သည်။
"ဘယ်လိုလုပ်မလဲ ကိုကိုရယ်၊ မနက်အိပ်ရာထကတည်းက ကိုကို့ကို လွမ်းရပြန်ပြီ"
အဲ့နောက်တော့ ကောင်လေးဟာ ပြင်ဆင်စရာရှိတာတွေကို ပြင်ဆင်ပြီး ထိုအခန်းမှာထွက်လာသည်။
စောစောက အိပ်မှုန်ဆုံဖွားနဲ့ချစ်စရာကောင်လေးက ခုတော့ ဝတ်စုံအပြည့်ဝတ်ထားသော အလုပ်ရှင် CEOကောင်လေးအဖြစ် ချက်ချင်း ပြောင်းသွားရသည်။ ဟုတ်ပါသည်၊ ထိုကောင်လေးသည် Park Groupလုပ်ငန်းစု၏ ကုမ္ပဏီခွဲတစ်ခုမှ CEOတစ်ယောက်ဖြစ်သည်။ အသက်ငယ်ငယ်နဲ့ CEOဖြစ်လာသည်မှာ သေချာပေါက် အမွေဆက်ခံဖို့ရာပေါ့။ ထိုကောင်ငယ်လေးကတော့ ရတဲ့အလုပ်တာဝန်ကို ကျေပွန်စွာ စွမ်းဆောင်ရှာသည်။ သို့သော် သူဝါသနာပါရာမဟုတ်သဖြင့် စိတ်မပျော်ပေ။
ထိုကုမ္ပဏီခွဲသည် Frankfurtမြို့တွင် တည်ရှိသဖြင့် ဂျုံဆောင်း ထိုမြို့တွင် ရောက်နေတာ တစ်နှစ်ပင် ပြည့်တော့မည်ဖြစ်သည်။ Frankfurt မြို့သည် Germanyနိုင်ငံရှိမြို့တစ်မြို့ဖြစ်သဖြင့် Koreaနှင့် အတော်ပင် အလှမ်းဝေးသည်။ ထို့ကြောင့်ပဲ သူ Koreaကို မပြန်ဖြစ်ပေ။ဟုတ်တာပေါ့၊ ဒါက အကြောင်းပြချက်သက်သက်ပဲလေ။ ပြန်ဖို့ အခွင့်တွေရှိသော်လည်း သူကိုယ်တိုင်က မပြန်ချင်တာဟုဆိုရမည်။ Koreaက သူနဲ့ကိုကိုရဲ့အမှတ်တရတွေစုစည်းနေသည့်နေရာဖြစ်သောကြောင့် သူထိုအမှတ်တရတွေကို မတူးဆွချင်။
သိပ်တော့လဲ မထူးခြားပါဘူးလေ၊ အဲ့ကို မပြန်လဲ အမှတ်တရတွေက ခုထိအမှတ်ရတုန်းပဲမလား။ ကိုကို့ကို လွမ်းသည့်စိတ်က မှန်းမရအောင်ပင် များပြားလွန်းသဖြင့် သူ့ရင်ကို နေမကောင်းဖြစ်စေသည်။ တကယ်ဆို မချစ်ခဲ့ကြတာလဲမဟုတ်ပဲနဲ့ အလကားသက်သက် ဒီဘာမဟုတ်တဲ့ကိစ္စတွေကြောင့်။
YOU ARE READING
ကိုကိုနဲ့ကလေးငယ်
Fanfictionဒီကမ္ဘာပေါ်မှာ ကိုကိုနဲ့သူ၏ကလေးငယ်အတူတူရှိနေတာကိုက ပြီးပြည့်စုံလွန်းနေတယ်လေ။