Chapter 1

2.5K 120 8
                                    

Uni

လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက မဖံွ့ဖြိုးသေးတဲ့ဒေသတွေမှာ Demon တွေရဲ့ကျက်စားရာ နေရာဖြစ်ခဲ့တယ်။ လူတွေက ထူးဆန်းပြီးကြောက်စရာကောင်းတဲ့ Demon တွေရဲ့ရန်ကို ကာကွယ်နိုင်အောင်ကြိုးစားကြတယ်။ Demon တွေဟာ သက်တမ်းကြာလေ ဒါမှမဟုတ် လူသားကို စားရလေ သူတို့ရဲ့စွမ်းအားဟာ ပိုပြီးအားကောင်းလာလေဖြစ်တယ်။ သူတို့ရဲ့ healing အစွမ်းဟာလည်း ၁မိနစ်ပင်မကြာ ပြန်ကောင်းလာတတ်သည်။

Demon အများစုရဲ့ အသက်သွေးကြော၊ အားနည်းချက်ဟာ လည်ပင်းဖြစ်၍ ခေါင်းနဲ့ကိုယ် တစ် ဆက်တည်းမရှိသည့် အခါမှသာ အသက်မရှိတော့တာဖြစ်သည်။ ဒါပေမဲ့ တချို့ကတော့မတူ။

တစ်နေ့မှာတော့ Demon hunter ဆိုတဲ့လူတစ်စုပေါ်လာပြီး Demon တွေကို နှိမ့်နှင်းခဲ့သည်။ နှစ်တွေကြာလာတဲ့အခါမှာတော့ Demon တွေဟာ တဖြည်းဖြည်း ပျောက်ကွယ်သွားပြီး လူတွေကြားမှာ ပုန်းလျှိုးနေထိုင်ခဲ့ကြသည်။

_____________________
"ကဲ တိတ်ကြတော့ ကျောင်းသားအသစ်ရောက်လာ တယ်"

အတန်းပိုင်ဆရာမ၏ အသံကြောင့် တစ်ခန်းလုံးငြိမ်ကျသွားသည် မထင်ပါနဲ့။ အတန်းထဲသို့ ဝင်လာသော ကျောင်းသားအသစ်ဟူသော ကောင်လေးကြောင့်ပင် ကျောင်းသူများ၏ မျက်လုံးများဟာ ထိုကောင်လေးဆီမှ မခွာတော့ပင်။

"မိတ်ဆက်လိုက်ပါအုန်း"

"Xiao Zhan ပါ"
စကားသံအဆုံး အတန်းထဲမှ မိန်းကလေးများဟာ အသံစူးစူးကြီးတွေနဲ့ ထအော်လာသည်။ အတန်းပိုင်ဆရာမရဲ့ "အားတဲ့နေရာမှာဝင်ထိုင်လိုက်" ဆိုတဲ့ အသံကိုပင် မကြားရတော့။

Xiao Zhan ရဲ့ လှုပ်ရှားမှု တစ်ခုခြင်းစီကို လိုက်ကြည့်နေသော လူတစ်ယောက်ရှိသည်။(တစ်ယောက်မကလည်းရှိနေမည်) ထိုလူကတော့ Wang YiBoပင်။

Wang YiBo Pov: ဒီလူရဲ့ အရှိန်အဝါက ဘာလဲ။ တအားမြင့်လွန်းတယ်။ သာမာန်လူတွေကြား ဘာလာလုပ်တာလဲ။
Xiao Zhan ရဲ့ ခန္ဓာကိုယ်ပတ်လည်မှာ ဝန်းရံထားတဲ့ အနီရောင်စွမ်းအင်တွေကို မြင်၍ သူစဥ္းစားမိသည်။ သာမာန်လူတွေကတော့ မြင်ရမည်မဟုတ်။
.
.
.
.
.
ပထမဆုံး Demon hunter တွေဟာ မီး၊ ရေ၊ လေ၊ မြေ စတဲ့ အဓိက ဓာတ်ကြီးလေးပါးကို အစပြုပြီး ထွက်ပေါ်လာခဲ့တယ်။ ထိုဓာတ်ကြီးလေးပါဟာ အစွမ်းထက်ဆုံးဖြစ်ပြီး သူ့ကိုခွဲထွက်ကာ တခြားသော စွမ်းအားငယ်လေးတွေပါ ထွက်ပေါ်လာခဲ့တယ်။

Demon HunterWhere stories live. Discover now