Chapter 4

495 51 2
                                    

Unicode

At Hiraizumi...
"ကြည့်ရတာတော့ ပုံမှန်ဘဲ၊ ဒါပေမဲ့ အန္တရာယ်အငွေ့အသက်တွေကို ခံစားမိနေတယ်"

"ဟိုဘိုးတော်ကလည်း တစ်ရက်လေး ကျောင်းပိတ်တာတောင် အနားမပေးဘူး"

Hiraizumiမြို့ရဲ့ လမ်းမထက်လေးဝယ် ကောင်လေးနှစ်ယောက် ညီးတွားရင်းလမ်းလျှောက်လာကြသည်။ ညနေချိန်ဖြင့်၍ လမ်းများတွင် လူများဟာအပြေးအလွှားသွားလာကာ မမှောင်မှီအိမ်ပြန်ရောက်ဖို့ တာဆူနေကြသည်။ ညအချိန်သို့ရောက်သည်နှင့် မည်သူမျှမရှိကြတော့...

မြို့လယ်လောက်ရောက်တော့ ကြော်ငြာဆိုင်းဘုတ်တွင် ဂျပန်စာဖြင့်ရေးထားသော စာရွက်ဖြူကြီးတစ်ခုကို ထီးထီးကြီးမြင်လိုက်သည်။ Wang YiBo နှင့် Itsuki လည်း ထိုအနားကို လျှောက်သွားပြီး ဖတ်ကြည့်ရာ

နေ့အချိန်သည်
ငါတို့ရဲ့ ပျော်ပါးရာ အချိန်၊
ညအခါသည်တော့
ထိုသူတို့ရဲ့ အချိန်ပေတည်း။

Itsuki - "ဒီလောက်ဆိုးတဲ့ ကဗျာကို ဘယ်သူရေးထားတာလဲ"

Wang YiBo - "ဒါက သတိပေးစာလေ ကဗျာမှ မဟုတ်တာ"

*အားးး*
တစ်နေရာက အော်သံစူးစူးကြီးကြောင့် အသံလာရာကို အာရုံစိုက်မိသည်။ အလှမ်းဝေးတဲ့နေရာက ဖြစ်၍ သူတို့နှစ်ယောက်လုံး အသံလာရာကို အမြန်ပြေးသွားလိုက်သည်။

မြို့ရဲ့အစွန်းတစ်ဖက်သို့ရောက်ခါနီးမှာတော့ မကောင်းဆိုးဝါးရဲ့အနံ့နှင့်အတူ Demon တစ်ကောင်ကိုတွေ့ရသည်။ Demon ဟာ မိန်ကလေးလူသားအသွင်ပုံဖော်ထားဖြစ်ပြီး ဂျပန်ရိုးရာဝတ်ဆုံကို ဝတ်ဆင်ထားသည်။ သူရဲ့လက်နက်ဟာ အကြည့်နှင့်ပင် ထိန်းချုပ်နိုင်သော သူကိုယ်တိုင်ဝတ်ထားတဲ့ ဝတ်ရုံပင်။

Wang YiBo တို့ရောက်သော် Demon ဟာ ပိတ်စအရှည်ကြီးဖြင့် အဖွားကြီးတစ်ယောက်ရဲ့ လည်ပင်းကို ရစ်နှောင်ထားပြီး လေတွင်မြောက်ထားသည်။ Itsuki ရဲ့ ဓားတိုတစ်လက်ဟာ လေတွင်လှုပ်ရှားသွားပြီး ထိုပိတ်စကို ဖြတ်ပစ်သည်။ အဖွားကြီးဟာ မြေပြင်သို့ ခြေယိုင်နဲ့စွာ ထော့နင်းထော့နင်းနှင့် အနောက်ဆုတ်ကာ မြေပြင်တွင် ထိုင်ချလိုက်သည်။ အိမ်လည်းမပြန်ခဲ့...

Demon HunterWhere stories live. Discover now