“ကုဋေကြွယ်..မင်းသားကိုမင်းဖျက်စီးနေတာလား”
“ဖျက်စီးစရာလား..သူကြိုက်ရင်ခေါ်ထားပေးလိုက်ရုံပေါ့ အိမ်ပေါ်တင်ထားမှာလဲမဟုတ်ပဲ”
ညားလာတဲ့တစ်လျှောက်လုံး ကုဋေကြွယ့်ဘက်ကအော်ပြောဖူးတာ ပထမဆုံးအကြိမ်ပင်။
မနက်ကနောက်ဖေးမှာ ဟင်းချက်နေတုန်း
လုံးလုံးကိုကုဋေကြွယ်နဲ့ခဏလွှတ်ထားလိုက်တာကို။ကလေးကိုမကြည့်ပဲ အိမ်သာကိုသွားတာ ကလေးကလမ်းပေါ်ထွက်သွားပြီး
ခွေးပေါက်တစ်ကောင်ကိုယူပြီးပြန်လာတော့
အဖေနှစ်ယောက်လုံးကလန့်သွားရတယ်လေ“အဲ့ခွေးကိုလက်ထဲကအခုချ လုံးလုံး”
“ဟွန့်..ဟင့်”
“မငိုနဲ့..မင်းယောင်္ကျားမဟုတ်ဘူးလား”
“သားကိုအဲ့လိုမပြောနဲ့လို့ ကိုယ်မပြောထားဘူးလား မြတ်မောင်”
“ပြောမှာပဲ..မင်းကကောကလေးတစ်ယောက်လုံးကိုတောင်မကြည့်နိုင်ဘူးလား
အိမ်သာသွားရင်လဲ မြတ်မောင်ရေ သားကိုခဏကြည့်လို့ မပြောတတ်ဘူးလား
ပျောက်သွားရင်ဘယ်လိုလုပ်မလဲ”“ဘယ်လောက်မှမကြာလို့မပြောတော့တာပေါ့”
“ဘယ်လောက်မှမကြာတဲ့အချိန်မှာ မင်းသားကထွက်ပြေးသွားတာလေ”
တစ်ယောက်နဲ့တစ်ယောက်အပြစ်တင်ပြောဆိုနေတော့ လုံးလုံးကလဲငိုနေတော့သည်။
“လုံးလုံး..ခွေးကိုပေး”
“ဟွန့်..ပေးဖူး”
“မင်းမြတ်မင်းမောင်! ဖေဖေစိတ်မတိုချင်ဘူး”
“အွန့်..ဟင့်..အူး..ဝါး!”
ကုဋေကြွယ်ကပဲ လက်ထဲကအဝါရောင်ခွေးပေါက်လေးကို အောက်သို့ချလိုက်ပြီး
လုံးလုံးကိုကောက်ချီကာ လက်ဖမိုးမျက်ရည်တွေသုတ်ပေးသည်။ခွေးကိုကောက်ယူလိုက်ပြီး ခြံပြင်မှာသွားပစ်မလို့လုပ်တော့ လုံးလုံးက ငိုယိုပြီးတားနေ၏“ပေ..ပေ မလုပ်..ပါနဲ့ အင့်ဟင့်..အူးဝါး”
မြတ်မောင်ခြံပြင်မထွက်ရသေးခင်မှာပဲ
သတိုးနဲ့စစ်နိုင်ကရောက်လာခဲ့သည်။
YOU ARE READING
မြောက်ပိုင်းကပန်း တောင်ပိုင်းကိုနမ်း [Season1]
Romance[Complete] မဟူရာမြတ်မောင် + မြတ်ကုဋေကြွယ်မင်း ဤဇာတ်လမ်းထဲတွင်ပါဝင်သော အရာအားလုံးသည် စာရေးသူ၏ စိတ်ကူးယဉ်ပုံရိပ်သာ ဖြစ်ပါသည်။