"ကိုယ်တို့ရဲ့ ဒီဇင်ဘာ ညလေးတစ်ည"
Part-2❤💛💚(final )
"ခွေးပေါက်လေး ရှာလိုက်ရတာ တွေ့တော့လည်းဒီလိုမျိုးလား ဟူး ကိုကိုပြန်လာတုန်းကဆိုခွေးပေါက်လေးမရှိတော့ဘူးလို့ပြောကြတော့အရူးလိုပဲ ခွေးပေါက်လေးကိုရှာခဲ့ရတာ ခုတော့ခွေးပေါက်လေးကအရင်ကထက်တောင်ပိုပြီးချစ်ဖို့ကောင်းလာသလိုပဲ ဒီတခါဘယ်မှပြေးလို့မရအောင်ခွေးပေါက်လေးကိုရင်ခွင်ထဲတင်းကျပ်နေအောင်ဖက်ထားဖြစ်မယ် အား"
ရှောင်းကျန့်အိပ်ယာပေါ်ပက်လက်လေးလှန်ချကာဆွဲကြိုးလေးကိုမြောက်ကြည့်ပြီးပျော်နေတော့သည်
ရိပေါ်လေဆိပ်ကဆင်းဆင်းချင်းဆေးရုံသို့တန်းလာလိုက်သည်
"ကျဲ ဘယ်လိုဖြစ်တာလဲ ဆိုးဆိုးရွားရွားဘယ်နားဖြစ်သွားသေးလဲ ဟင်"
ရိပေါ်လူနာအခန်းထဲဝင်ဝင်ချင်းကုတင်ပေါ်မှာရှင်းရှင်းလှဲနေတာတွေ့တာကြောင့်ဘေးနားထိုင်ကာဝင်မေးလိုက်သည်
"ကျဲအဲ့လောက်ထိမဖြစ်ပါဘူး ခေါင်းရှစ်ချက်ပဲချုပ်ရတာပါ မစိုးရမ်ရဘူးတဲ့"
"တော်သေးတာပေါ့ဒိလောက်ပဲဖစ်လို့ ကျဲကိုသားပြောသားပဲ ကားကိုကိုယ်တိုင်မမောင်းပါနဲ့လို့ဆိုတာ ကျဲကသားပြောတာမှနားမထောင်တာခုတော့ရှစ်ချက်ချုပ်လိုက်ရတယ်မလား ဟူး"
ရိပေါ်ပြောရင်းသက်ပြင်းတွေသာချနေတော့သည်
"အဲ့လောက်ထိလည်းသက်ပြင်းတွေချမနေနဲ့ငယ်ငယ်နဲ့အဖိုးအိုလေးဖြစ်နေဉီးမယ် ခရီးပန်းနေပြီမလားကိုယ့်ကိုလည်းပြန်ကြည့်ဉီးကျဲထက်တောင်ဆိုးနေသလိုပဲနေမကောင်းဘူးလား အိမ်ပြန်နားလိုက်ဉီး ကျဲကိုစိတ်ပူမနေနဲ့ခဏနေစစ်ကျွေးလာမှာ"
"အင်းခရီးနည်းနည်းပန်းလာလို့ထင်တယ် ဒါဆိုသားပြန်တော့မယ်လေ"
ရိပေါ်လည်းဆေးရုံကပြန်လာပြီးအိမ်ကိုသာတန်းပြန်လာလိုက်သည်အိမ်ပြန်ရောက်တော့ ရိပေါ်ခရီးပန်းလာတာကြောင့်ရယ်မနေ့ညကအခြေနေကြောင့်ရယ်လားတော့မသိ လူကကိုယ်လက်တွေနာပြီးဖျားနေသည် အိပ်ယာထဲသာတန်းဝင်ပြီးမျက်လုံးလေးမှိတ်ထားရင်းလည်ပင်းကဆွဲကြိုးကိုကိုင်တော့မရှိတာကြောင့်သူ့လည်ပင်းကိုလက်နဲ့သေချာစမ်းကြည့်တော့လည်းမရှိတာမို့အိပ်ယာကပြန်ထပြီးသူ့ပစ္စည်းတွေထဲပြန်ရှာသည်