Chapter (9)

518 56 6
                                    

" ဂျီဂျီ ရာ ကြာလိုက်တာ ထယ်စောင့်နေတာ ဆယ့်ငါးမိနစ် ရှိပြီ "

ထယ့်ဆီရောက်ရောက်ချင်း ထယ့်ကလေးဆန်ဆန်ချွဲနေတဲ့စကားလေးကြောင့် မျက်လုံးလေးတွေ မှိတ်တဲ့အထိ ပြုံးလိုက်မိသည်

" ဆယ့်ငါးမိနစ်က ကြာတာလား ထယ်ရဲ့ "

" ဂျီကကွာ "

သူ စောင့်နေရပါတယ်ဆိုတဲ့အကြောင်း ကို အသိအမှတ်မပြုတော့ ခြေဆောင့်ကာ နှုတ်ခမ်းကြီးဆူလေပြီ

မင် ငယ်ငယ်ကလေးထဲက ချွဲတတ်တဲ့အကျင့်မပျောက်သော ယောင်းကြောင့် ပြုံးလိုက်မိကာ

" အိုက်ယား wuri ဆောင်းခိုဝက်ဝံပေါက်ကလေးက အကြာကြီးစောင့်ပေးရတာကို ဒီဂျီမင်းနီးက တကယ်မသိတတ်တာပဲနော "

ပြောလိုက်မှ လေးထောင့်ဆန်ဆန်လေး ပြုံးလာတဲ့ ထယ်ထယ်

“အူဝါး Wuri  ဂျီဂျီမင်မင်လေး ချစ်စရာအကောင်းဆုံးလေး ”

“ ကစားကွင်းသွားမှာမလား ထယ်ထယ် မင် အင်္ကျီလဲပြီး ထွက်ခဲ့မယ်နော် ”

ထိုအသံကြားတာနဲ့ ထယ်က ချက်ချင်းထလာပြီး

“ ထယ်ထယ်လဲ လိုက်မယ် နော် နော် နော် လို့ ”

နှုတ်ခမ်းကလေး စူကာ ကပ်ချွဲလာတဲ့ ဝက်ဝံပေါက်ကလေး

မျက်လုံးလေးတွေ အီတလီလျံတွေချက်တဲ့ အိမ်လုပ်ဝိုင် အပြင်းစားတွေလို

မျက်လုံးလှလှ‌လေးတွေ
ဖိနမ်းပစ်ပြီး ကမ္ဘာတစ်ဆုံးိတိုင် ရစ်မူးချင်လိုက်စရာ

နှုတ်ခမ်းပါးပါးလေး
အမြတ်တနိုး ဆွဲကပ်လိုက်ရရင် ဒေါ်လာသောင်းချီသန်းချီ  ဝီစကီ တွေ ငိုမှာပေါ့

သူတို့ထက်ပိုကောင်းတဲ့ နိဗ္ဗာန်လေးက ထယ် မလို့လေ

နှုတ်ခမ်းတစ်စူစူ မျက်လုံးကလေးကလည်လည် နဲ့ ထယ်ဟာ ဆောင်းခိုဖို့ ရောက်လာတဲ့ ဝက်ဝံပေါက်ကလေး

“ လိုက်ချင်လိုက်ခဲ့လေ ထယ်ထယ် ”

ထိုမျှသာပြောပြီး အရှေ့က မြန်မြန်ကလေးလျှောက်သွားတဲ့ မင်

ထယ့်ကို မကြည့်ချင်တော့လို့ မဟုတ်ပါ

တစ်ချိန်က ထယ့်ကို တွေ့လိုက်တာနဲ့ တစ်လောကလုံးပန်းတွေ ဝေသွားတတ်တဲ့ အချိန်တွေ
ရင်ဘတ်သေးသေးလေးက နှလုံးသားနဲ့မဆန့်လောက်အောင်ကို တနင့်တပိုး ချစ်ခဲ့တဲ့ အချိန်တွေကို သိပ်သတိရလို့ပါ

Darling ( BTS X PJM ) Where stories live. Discover now