It's just a work of fiction.
Don't take this too serious.The places and the sceneries are just imagination . ENJOY IT....
Lauv - Reforget
_Encounter_
ညည့်ငှက်တို့ ကျက်စိုးရာ နယ်မြေအတွက် မှောင်ရီပျိုးသည်မှအစ အရုဏ်ဦးသည်အထိ ရှည်လျားသောညနက်သည် ယင်းတို့အတွက် ပျော်မွေ့ရာ အချိန်ကာလ....
တရားဝင် အသက်ပြည့်ပြီးသား 18 နှစ်သား တစ်ယောက်အတွက် ထိုနေရာသည် စူးစမ်းချင်စရာကောင်းသည် ။ လက်တည့်စမ်းချင်စရာကောင်းသည် ။
မီးရောင်တွေထက် ဆံပင် အနက်ရောင် ကောက်ကောက်ကြားထဲမှ ညာဘက်နားထက်တွင် ချိတ်ဆွဲထားသော လခြမ်းငယ် သဏ္ဍာန် နားဆွဲမှာ တလက်လက်ထကာ ပို၍ ထင်းထွက်နေလျက် ။
အနက်ရောင် ဆံပင်ခွေခွေတို့က လူငယ်၏ မျက်နှာနုနုကို ဂျစ်ကန်ကန်ပုံစံဖြစ်အောင် ပံ့ပိုးပေးနေသယောင် ။
Hoodie အနက်ရောင်နှင့် အပြာနုရောင် ဂျင်းဘောင်းဘီက မြင့်မားသောအရပ်နှင့် ကြွက်သားတို့ထင်းထွက်နေသည်မဟုတ်သော်ငြား ချပ်ရပ်ပြီး အဆီပိုမရှိသည့် ခန္ဓာနှင့် ပနံသင့်စွာ....
ထိုလူငယ်သည် ခပ်ပြုံးပြုံးဖြင့် ဆောင်ကြာမြိုင်များ ပတ်လည်ရှိသော လမ်းထက်တွင် ပေါ့ပါးစွာ လျှောက်သွားနေသည် ။
21 ရာစုမှာ ဒီလိုနေရာကို ဆောင်ကြာမြိုင်လို့ ခေါ်တာက အကြောင်းအရင်းသက်သက်ရှိပြီးသား ။
သာမန်လူတွေအတွက်မဟုတ်ပဲ တော်ဝင်မျိုးနွယ်တွေ ၊ အဆင့်အတန်းမြင့်ပြီး ရာထူးကြီးတဲ့လူတွေအတွက် အစိုးရက သီးသန့်သတ်မှတ်ထားသည့်နေရာ.....
သာမန်လူတွေ ဝင်လို့မရသည့်နေရာ...
ရာဇဝတ်မှုတွေကို လုပ်ပိုင်ခွင့်မရှိသောနေရာ....
ခြိမ်းခြောက်မှုတွေ ရမ်းကားမှုတွေ ဒုစရိုက်တွေကို အပြင်းအထန်တားမြစ်ထားသောနေရာ...နိုင်ငံတော်၏ လက်ရှိ ပြဌာန်းထားသော ဥပဒေတွင် သည်နေရာရှိ ညည့်ငှက်မလေးတွေ ၊ ညည့်ငှက်ထီးလေးတွေရဲ့ ဘဝကို ကာကွယ်ထားသော ဥပဒေများ ပါဝင်သည် ။
လူငယ်၏ စူးရဲသော မျက်လုံးများက စိတ်ဝင်စားစရာတစ်ခုခုကို ရှာဖွေနေသည့်အလား...
YOU ARE READING
𝑪 𝒂 𝒓 𝒐 𝒖 𝒔 𝒆 𝒍 || 𝑊𝑜𝑛𝑘𝑖 ✓
Romance𝗛𝗲𝗮𝗱 𝘀𝗽𝗶𝗻𝘀 𝗹𝗶𝗸𝗲 𝗮 𝗰𝗮𝗿𝗼𝘂𝘀𝗲𝗹 𝗼𝘃𝗲𝗿 𝗮𝗻𝗱 𝗼𝘃𝗲𝗿.... _𝖶𝗈𝗇𝗄𝗂 oneshot for @/Jun_ °Written in Burmese°