Unicode
မနက်ရောက်သော်...ကုန်းကျွင်းတစ်ယောက်နာရီကိုကြည့်လိုက်တော့၁၀နာရီထိုးလို့နေပြီ။တစ်ဖန်ဆိုဖာပေါ်ကိုကြည့်လိုက်ပြန်တော့လည်းကျယ်ဟန်ရှိမနေတော့ပေကုန်းကျွင်းလည်းဘာမှထွေထွေထူးထူးမတွေးပဲထိုအခန်းထဲမှထွက်လာ၏။ကုန်းကျွင်းအင်္ကျီကတော့မရှိတော့ပေကျယ်ဟန်ယူသွားခြင်းဖြစ်သည်။ကုန်းကျွင်းတစ်ယောက်သူ့သူငယ်ချင်းကိုတောင်နှုတ်မဆက်ပဲအိမ်တော်သို့တန်းပြန်သွားတော့သည်။အိမ်တော်မှတစ်ဆင့်ရေချိုးပြီးကာCompanyသို့သွားတော့၏။Companyတွင်လည်းကုန်းကျွင်းတစ်ယောက်အပြင်ကိုငေးပြီးကျယ်ဟန်အကြောင်းကိုပဲတွေးနေ၏။ဟိုဟာလုပ်လည်းကျယ်ဟန်ဒီဟာလုပ်လည်းကျယ်ဟန်ဖြင့်စိတ်ထဲတွင်နေရာယူထားသောကြောင့်ဘာအလုပ်မှသေချာမလုပ်နိုင်တော့ပေ။ကုန်းကျွင်းလည်းထိုBarသို့ညဘက်တစ်ခေါက်ထပ်သွားမယ်ဟုဆုံးဖြတ်ချက်ချလိုက်တော့သည်။
ည၇နာရီထိုးချိန်ကုန်းကျွင်းတစ်ယောက်သူ့သူငယ်ချင်းBarသို့ဆိုက်"မြိုက်"ကြီးရောက်လို့လာခဲ့သည်။ကျယ်ဟန်ကိုတွေ့ချင်သောစိတ်များပြည့်ဝကာတစ်ယောက်ထဲပီတိဖြစ်လို့နေ၏။ကုန်းကျွင်းလည်းကျန်းရိရှင်းရှိရာအခန်းသို့သွားကာတံခါးမခေါက်ပဲဝင်လိုက်သည်။
"ဟျောင့်ကုန်းကျွင်းလာမယ်ဆိုကြိုပြောပေါ့ကွာ..လာထိုင်"
"အေးးငါလည်းတစ်ယောက်ကိုတွေ့ချင်နေတာနဲ့အမြန်လာလိုက်တာ"
"ဘာ..မင်းကတစ်ယောက်ကိုတွေ့ချင်တယ်..မိန်းကလေးတွေက်ိုသဘောကျသွားပြီမှတ်လား"
"တော်စမ်းပါကွာ...ငါတွေ့ချင်တာယောက်ျားလေးကွသူကတော်တော်လှတာဘယ်သူနဲ့မှမတူဘူး"
ကျန်းရိရှင်းလည်းနှုတ်ခမ်းတစ်ဖက်ပြုံးကာခုံမှထသွားပြီးထုံးစံအတိုင်းဝိုင်တစ်ခွက်ငှဲ့လိုက်သည်။
"တရုတ်နိုင်ငံရဲ့ပထမဆုံးချမ်းသားတဲ့သခင်လေးကအခုတော့barမှာပြုစုနေတဲ့ကောင်လေးတစ်ယောက်ကိုလာရှာတာ...ထူးဆန်းတယ်နော်"
ကျန်းရှိရှင်းလည်းဝိုင်ခွက်ကိုကိုင်ကာကုန်းကျွင်းဆီလျှောက်လာပြီးဝိုင်ခွက်ပေးလိုက်သည်။
![](https://img.wattpad.com/cover/311322265-288-k187032.jpg)
YOU ARE READING
Stranger is my husband🚫🚨(Complete)
Fanfiction❌🚫သတိပေးချက််ဤFicသည်18+ဖြစ်တာကြောင့်အသက်မပြည့်သေးသူများနှင့်မကြိုက်သူများမဖတ်ကြဖို့အကြံပြုပါသည်။တစ်ခြားသို့လည်းshareခြင်းမပြုပါသူငယ်ချင်းအားဖတ်စေချင်ရင်linkပေးနိုင်ပါတယ်ဗျာ။copyယူပြီးတင်ခြင်းလည်းခွင့်မပြုပါဒါပါပဲ❌🚫