"မှော်ကျောက်နက်" လောကမှာအစွမ်းအထက်ဆုံးမှော်ကျောက်တုံး မှော်ဝင်မျိုးနွယ်ကသာလျှင်ပိုင်ဆိုင်အသုံးပြုခွင့်ရမယ့်အရာ
သိပ်ကိုအန္တရယ်များလွန်းတာကြောင့်... လောကကိုအုပ်စိုးသူတွေဟာ.. နှစ်ပိုင်းခွဲပီးမျိုးနွယ်စုနှစ်ခုကို
ထိန်းသိမ်းထားစေခဲ့တယ်.. မျိုးနွယ်စုတခုကတော့သာမန်မျိုး
နွယ်စုဖစ်ပီး.. နောက်မျိုးနွယ်စုတခုကတော့မှော်ဝင်မျိုးနွယ်စု
ဖစ်တယ်.....ရာစုနှစ်ပေါင်းများစွာကြာပီးနောက်မှာတော့
မှောက်ကျောက်နက်ကိုလိုချင်တဲ့... အမှောင်လောကသား
တွေဟာ.. မျိုးနွယ်စုနှစ်စုကိုတိုက်ခိုက်ခဲ့ကြတယ်...
မှော်ကျောက်နက်ကိုထိန်းသိမ်းထားတဲ့... မျိုးနွယ်စုနှစ်စုရဲ့
နောက်ဆုံးမျိုးဆက်ဖစ်တဲ့မိသားစုနှစ်စုဟာသွေးကြောင်းစီးခဲ့ရတယ်....🔯🔯🔯
မိုးတွေသည်းထန်စွာရွာနေတဲ့ညတညမှာကလေးငယ်တယောက် အဝေးပြေးလမ်းမပေါ်မှာပြေးလွှားနေတယ်....
သွေးတွေအလိမ်းလိမ်းပေနေတဲ့ကလေးငယ်ကသူ့ဦးတည်ရာ
သို့မရပ်မနားပြေးလွှားနေတယ်.... သူသိပ်ပင်ပန်းနေပင်မဲ့.... ရပ်တန့်ဖို့မဖစ်နိုင်ဘူး... နောက်ဆုံးတော့သူဦးတည်ရာသို့ရောက်လာခဲ့တယ်... "အရိပ်နက် " စံအိမ်..... မိုးသည်းထဲမှာမှောင်မည်းပီး
ကြီးမားလွန်းတဲ့စံအိမ်ကြီးကဆယ်နှစ်သားအရွယ်ခလေးတယောက်အတွက်သိပ်ကို ခြောက်ခြားစရာကောင်းလွန်းတယ်
ဒါမဲ့သူရဲ့မရှိ ရှိပင့်သတ္တိတွေစုပီး... အထဲသို့လှမ်းခဲ့တယ်....
အထဲရောက်တော့မြင်ရတဲ့မြင်ကွင်းကခြောက်ခြားစရာ....
သွေးအလိမ်းလိမ်းသေနေတဲ့လူတွေ....
လူသေအလောင်းတွေအပုံလိုက်ကြားထဲမှာ.... သူအရပ်နေမိတယ်... ပြေးဖို့ငိုဖို့အားအင်တောင်မရှိတော့သလို
ရုတ်တရက်သူ့လက်ကိုလာဆွဲတဲ့သွေးအလိမ်းလိမ်းပေနေတဲ့
လက်တစုံ...." ကူညီပေးပါ " တိုးလွန်းတဲ့အသံကြောင့်...
အနိုင်နိုင်နားထောင်နေရတယ်.....
" ကလေး...အန်တီကိုကူညီပေးပါ... တောင်းဆိုပါတယ်"
သူအစကသိပ်ကြောက်သွားပင်မဲ့.. သူ့အတွက်အဖော်ရှိပီဆို
တဲ့အသိနဲ့တင်.. အားအင်တွေပြည့်ဝလာသလိုခံစားရတယ်
သေချာကြည့်မိတော့ မိန်းမကြီးကကိုယ်ဝန်လွယ်ထားရတယ်
သူ့ရဲလက်ကိုပြန်ဆုပ်ကိုင်လိုက်ပြီးတွဲထူလိုက်တယ်.
"အန်တီအတွက် သွေးတစက်ပဲလိုတာပါ ကူညီပေးပါ "
သူအချိန်ဆွဲမနေဘဲ.. ဘေးကမှန်ကွဲစကိုလက်ကိုထိုးပီး
သွေးတွေကိုသူမရဲ့.. ပါးစပ်ထဲတစက်ဆီကျစေခဲ့တယ်..
"ကျေးဇူးတင်ပါတယ်.....မင်းသိပ်ကိုအကျိုးရှိတဲ့လုပ်ရပ်ကိုလုပ်ခဲ့တာပဲ...... မင်းနံမည်ဘယ်လိုခေါ်လဲ??? "
" ဗိုလ် "
"ဗိုလ်... ကောင်းပီ....မင်းလုပ်ခဲ့တဲ့အရာဟာမင်းအတွက်ကံကောင်းမ
ူတွေပဲရောက်မှာပါ.....မင်းတို့လုပ်နိုင်မှာပါ... "
သူမဟာသူ့ရဲ့လက်ကိုဆွဲယူပီး.. သူ့ရဲ့ဗိုက်ပေါ်တင်ပေးလိုက်တယ်.... အလှဆုံးအပြုံးတွေနဲ့သူ့
ကိုပြုံးပြနေခဲ့တယ်... အဲ့အပြုံးကိုမြင်လိုက်ရတဲ့အချိန်ခနမှ
သူ့ရဲ့ကြောက်စိတ်တွေလွင့်ပြယ်သွားသလို့.....
"အားတင်းထားပါ... "
ဗိုလ် အိပ်ယာကနေလန့်နိုးလာတယ်...
*ကျစ်... ဒီအိပ်မက်ကိုပဲမက်ပြန်ပီ*
နာရီကိုကြည့်တော့မနက်2နာရီ...ရိုးနေပါပီဒီလိုအိပ်မက်ဆိုးတွေနဲ့နိုးထတာ18နှစ်လောက်ရှိနေပီပဲ....