Unicode

597 44 4
                                    

"Shootingပိုင်းကို တာဝန်ယူထားတဲ့ မန်နေဂျာကို ရုံးခန်းထဲလွှတ်လိုက်ပါ"

လက်ထဲက ဖိုင်တွဲတစ်ခုကို စစ်ဆေးနေရင်းမှ Jennieက သူမရဲ့အတွင်းရေးမှူးကိုပြောလိုက်သည်။

"ဟုတ်ကဲ့ပါ Madam ... ကျွန်မ လွှတ်လိုက်ပါ့မယ်"

ကော်ဖီပူပူကို စားပွဲခုံပေါ်ချပေးခဲ့ပြီး လှည့်ထွက်သွားတော့မှ Jennieလည်းဖိုင်တွဲကိုစားပွဲပေါ်တင်ကာ ခုံကိုအဆုံးထိကျောမှီပြီး အကြောဆန့်လိုက်သည်။ ထို့နောက် အငွေ့ထွက်နေတဲ့ ကော်ဖီကိုအနည်းငယ်မှုတ်ပြီး တစ်ငုံ,ငုံကာ အရသာခံရင်းသောက်လိုက်သည်။

"Shootingပိုင်းက မန်နေဂျာ Park Chaeyoungရောက်ပါပြီ Madman"

"ဝင်ခဲ့ပါ ..."

ရုံးခန်းတံခါးပွင့်သွားပြီးနောက် အရပ်မြင့်မြင့်ပိန်ပိန်ပါးပါး မိန်းကလေးတစ်ယောက်ဝင်လာသည်။ ရွှေအိုရောင်ဆံနွယ်ရှည်တွေကို တစ်စုတစ်စည်းတည်းစုကာချည်ထားသဖြင့် သူမရဲ့မျက်နှာကို ရှင်းလင်းစွာမြင်နေရသည်။

"ထိုင်ပါအုံး"

Jennieလည်း ထိုင်နေရာမှထလာပြီး ဧည့်သည်များထိုင်ရန် ပြုလုပ်ထားသည့် ဆိုဖာတွေပေါ်သို့ ညွှန်ပြလိုက်သည်။ သူမကဆိုဖာတစ်ခုတွင် ဝင်ထိုင်လိုက်သလို Jennieလည်း သူမရဲ့မျက်နှာချင်းဆိုင် ဆိုဖာတွင်ထိုင်လိုက်သည်။

"ဘာကိစ္စများရှိလို့ပါလဲ Madam"

"နာမည်က Park Chaeyoungနော်"

"ဟုတ်ပါတယ် Madam"

"နောက်လကျရင် J groupရဲ့ Product
အသစ်ထုတ်မဲ့ကိစ္စရှိတယ် အဲ့တာအတွက် ရိုက်ပေးမဲ့ Photographerတစ်ယောက်ကို ရှာပေးနိုင်မလား Chaeyoung Shi"

"အခုလက်ရှိ Photographerကအဆင်မပြေလို့လား Madam"

သူမရဲ့အမေးကြောင့် Jennieတစ်ချက်ပြုံးလိုက်သည်။ Companyတစ်လုံးကိုဦးစီးရတဲ့သူမအတွက် ဝန်ထမ်းတိုင်းကို အသေးစိတ်လိုက်ကြည့်ဖို့မအားပေမဲ့ Shootingမန်နေဂျာ Park Chaeyoungရဲ့ သတင်းတွေက ရုံးအတွင်းမှာရော အပြင်မှာပါ မွှေးနေတာမို့ အခုလိုခေါ်တွေ့ရခြင်းဖြစ်သည်။ အလုပ်ကိုစိတ်ပါဝင်စားစွာလုပ်သည့်အပြင် သိချင်တဲ့ဘယ်ကိစ္စကိုမဆို ရဲရဲဝံ့ဝံ့မေးရဲသည့်မိန်းကလေးဖြစ်ကြောင်း စသည့်သတင်းတွေဟာ Jennieရဲ့နားထဲကို အလိုလိုဝင်လာကြသည်။ အခုလည်း CEOတစ်ယောက်ကိုတောင် ပြန်မေးရဲသည်ကိုမြင်တော့မှ သတင်းတွေဟာ တကယ်ဖြစ်ကြောင်းသိလိုက်ရသည်လေ။

A Scar From My Heart (One shot)Where stories live. Discover now