Part 3

22 3 5
                                    

(Unicode)

"ဒီနေ့မှအသစ်ပြောင်းလာတဲ့ကျောင်းသားကို ဘယ်သူတွေ့မိကြလဲ?"

"ဗျာ? အော်..ဟို စာကြံပိုးလိုလိုနဲ့တ​ယောက်ကို​ပြောတာလားဆရာ?"

"အေး​အေး...မင်း​တွေ့​သေးလို့လား Jimin?"

"သူ့ကိုခုနကအိမ်သာထဲဝင်သွားတာ​တော့​တွေ့လိုက်တယ်ဗျ..ဒါ​ပေမယ့်..."

"ဒါ​ပေမယ့်..ဘာ...ဘာဖြစ်လို့လဲ?"

လာ​မေး​သော Seokjin သာမက တစ်တန်းလုံးရဲ့အာရုံက Jimin ဆီတွင်သာ။

"သူပြန်ထွက်လာတာကို​တော့ မ​တွေ့မိ..."

"ဘာ!"

Jimin စကားမဆုံးလိုက်ခင်ပင် Seokjin ကအလန့်တကြား​အော်ကာ အိမ်သာဘက်သို့ ဦးတည်​ပြေးသွားသည်မို့ သူတို့လဲ တ​ယောက်မျက်နှာတ​ယောက်ကြည့်လျက်ပင် ကျန်ခဲ့ကြရသည်။

//////////////////////////////////////

Seokjin မနက်က​ကျောင်းသားအသစ်​လေးကို အခန်းလိုက်ပြ​ပေးပြီး ဓါတု​ဗေဒအခန်းထဲပြန်လာခဲ့သည်။

သူခုနက​သေချာမကြည့်ခဲ့ရ​သော​ကြောင့်ထင်သည်။ အခုမှကြည့်မိ​တော့ တခုခုမှား​နေတယ် အထင်နဲ့ မျက်လုံးကစားကြည့်မိ​တော့မှ သူတို့ error ဖြစ်ထားသည့် ငှက်အားထည့်ထားသည့် လှောင်အိမ်​လေးက​အောက်ကိုကျ​နေ​လေသည်။

သူလဲငှက်လှောင်အိမ်ကို သေချာလေးဂရုတစိုက်မတင်နေရက်းမှ တစုံတခုကိုသတိရသွားဟန်ဖြင့် အမြန်ထကာ ကျောင်းသားတွေဆီပြေးလေသည်။

///////////////////////////////////

"ကျောင်းသားသစ်? ကျောင်းသားသစ်?"

Seokjin ကဆရာ Namjoon ကိုအကူအညီတောင်းကာ ကျောင်းသားသစ်ကိုလိုက်ရှာကြတော့ Yoongi နဲ့ Jimin ကပါလိုက်လာကြရှာသည်။ Hoseok, Taehyung နဲ့ Jungkook တို့ကတော့ ကျောင်းသားရေးရာထဲအကူအညီသွားတောင်းရသည်။

တခြားသူတွေကတော့ သူတို့နဲ့မဆိုင်တဲ့ကိစ္စလို့မှတ်ယူကာ လိုက်မကူသောကြောင့် သူတို့သူငယ်ချင်းအဖွဲ့ကပဲ လိုက်ကူပေးနေရသည်။

"ဆရာရေ...ဒီမှာကျွန်တော်တွေ့ပြီ!"

"ဟေ...ဆရာတို့လာမယ်နော်။ သူ့ကိုလုံးဝမထိနဲ့ Yoongi!"

All Of Us Are L.O.V.EWhere stories live. Discover now