Unicode
1994, December 1
Ilsan မြို့က ကော်ဖီဆိုင်တစ်ဆိုင်ရဲ့ ထောင့်နားလေးမှာ ထိုင်နေသော လူငယ်လေးတစ်ယောက်....
ကော်ဖီခွက်ကိုကိုင်ထားသော လူငယ်ရဲ့ လက်ဖြူဖြူသွယ်သွယ်တွေက အားနည်းဟန်ဖြင့် ပါးလျပ်သည် ။
ပန်းရောင် ဆံနွယ်တွေက ခြောက်ကပ်စွာဖြင့် ခပ်ကျဲကျဲ...
ပန်းနုရောင်သန်းသော အသားအရေသည် နွမ်းလျသည် ။
ပင်ပန်းမှုက နုနယ်မှုနဲ့ လှပမှုကြားမှာ သက်တောင့်သက်သာဖြစ်နေဟန် ။ခပ်ဖူးဖူးနှုတ်ခမ်းလွှာသည် အစိုဓာတ်တစ်ခုကို လိုအပ်နေသည့်နှယ် အက်ကွဲနေသည် ။
မျက်လုံးများက ကော်ဖီဆိုင်၏ အပြင်ဘက်ကို ငေးကြည့်နေသည်မှာ မလှုပ်မယှက် ။
တစ်စုံတစ်ယောက်ကို ရှာဖွေနေသည်လော..
မိုးစက်တွေကို ငေးကြည့်နေသည်လော...
အတွေးထဲ နစ်မြောနေသည်လော...ဘယ်သူကမှ တကူးတကမတွေးတောမိကြပေ ။
ထိုလှပသော အညိုနုရောင် မျက်ဆံတွေနှင့် လူသည် ညနေ 5 နာရီတိုင်း ကော်ဖီဆိုင်ကို ရောက်လာသည်မှာ နှစ်လလောက် ရှိနေပြီ ဖြစ်ကြောင်းကိုတော့ ဝန်ထမ်းတိုင်းနီးပါး သတိထားမိကြသလို ထိုသူရောက်လာတိုင်းလည်း ငေးကြည့်မိကြသည် ။
ထင်းထွက်နေသော အလှတရားကို မရှောင်လွှဲနိုင်သော မျက်လုံးတွေကတော့ ထိုလူငယ်နားမှာ တဝဲလည်လည်....
နွေလယ်ခေါင်မှာ သည်းထန်စွာ ရွာသွန်းနေသော မိုးစက်တွေက အငြိုးတကြီး....
သတိထားမိသလောက် မိုးရွာသော ရက်များတွင် လူငယ်၏ အညိုနုရောင် မျက်စံများက ပြုံးရိပ်သန်းသည် ။
လွမ်းဆွေးမှုက ထပ်လောင်းထည့်သောအခါ လွမ်းရိပ်သန်းသော အပြုံးတို့ ဖြစ်တည်သည် ။
ဒေါသ နှင့် မကျေနပ်မှုတို့ဖြင့် သည်းထန်စွာ ရွာနေသော မိုးကို ငေးကြည့်ပြီး လူငယ်က ယနေ့တွင် ပိုပြုံးသည် ။
တီးတိုးရွတ်လိုက်သော စကားက ပါးစပ်လှုပ်ရုံသာ ။
" ဒီနေ့လည်း မောင်မလာလောက်ဘူး "
YOU ARE READING
𝗣𝗹𝘂𝘃𝗶𝗼𝗽𝗵𝗶𝗹𝗲 #훈선
Short StoryOne who loves rain... # BURMESE SUNSUN ONESHOT # # TRAITOR # # DEATH # # SAD ENDING # Since the ending and the plot might take you to crying and heartache, READ AT UR OWN RISK.