-2-

770 86 35
                                    

This is just a fanfiction and just imagination.

-Warning-

_ Age Gap

(Unicode)

ဒီနေ့ ကုမ္ပဏီ၌ အလုပ်နည်းနည်းရှုပ်နေသဖြင့် ဟီဆွန်း နေ့လည်စာပင် မစားရသေးချေ။ ဒီနေ့တော့ နေ့လည်စာလွတ်တော့မယ်ထင်တယ်။ အဲ့လိုပါပဲ၊ အလုပ်ရှုပ်တဲ့တစ်ချို့ရက်တွေမှာ နေ့လည်စာက လွတ် စမြဲပေ။

ရုံးခန်းထဲကို တံခါးဖွင့်ကာ ဝင်လာသူက သူ့အတွင်းရေးမှူးပင်။

"Miss Kim, ဘာကိစ္စရှိလို့လဲ"

သူမ၏မျက်နှာက မထုတ်ဖော်ချင်တဲ့ပြုံးစစမျက်နှာပေးရှိသည်။ ထိုမျက်နှာပေးကို ကြည့်လိုက်တာနဲ့ သူမ၏လာရင်းကိစ္စကို သူရိပ်စားမိလိုက်သည်။ အရှုပ်ထုပ်လေးလာပြန်ပြီထင်တယ်။

"Bossရဲ့ ကောင်လေးရောက်နေပြန်ပြီ"

"Miss Kim, ကျွန်တော့်ကောင်လေးမဟုတ်ပါဘူးလို့ ပြောထားတယ်လေဗျာ"

တကယ်ပဲ ထိုအရှုပ်ထုပ်လေးက သူ့ကောင်လေးမဟုတ်ပါဘူးလို့ ပြောတာလဲ ခဏခဏပဲ။ သို့ပေမဲ့ တစ်ရုံးလုံးက မယုံကြပေ။ ထိုကောင်လေးက သူပျင်းတိုင်း သူ့ဆီလာတတ်သည်။ ဖော်ဖော်ရွေရွေရှိလွန်းသည့်ထိုကောင်လေးက social butterfly လေးပင်ဖြစ်သဖြင့် ခဏအတွင်း တစ်ရုံးလုံးနဲ့ရင်းနှီးသွားသည်။ တကယ်ဆို နှစ်လတောင်မပြည့်သေးတာကို။

ထိုအရှုပ်ထုပ်လေးက ဘယ်လိုတွေ လျှောက်ပြောထားသည်မသိ၊ တစ်ရုံးလုံးက ထိုကောင်လေးအား သူ့ကောင်လေးအဖြစ်မှတ်ယူနေကြသည်။ တကယ်ပဲ၊ အနှစ်၃၀ကျော်ထိန်းသိမ်းထားတဲ့ လူပျိုကြီး ဂုဏ်ပုဒ်ကို ထိခိုက်လိုက်တာ။

"Bossရယ် မလိမ်ချင်စမ်းပါနဲ့၊ ကျွန်မ သူ့ကို ဒီလွှတ်လိုက်မယ်နော်"

Miss Kimသည် ထိုအတိုင်းပင်။ ပထမတွေ့တုန်းကတော့ စစ်လားမေးလားတွေရှယ်လုပ်ပြီး နောက်တစ်ခါလာတော့ကျတော့ ထိုကောင်လေးနဲ့ရင်းနှီးသွားသော သူမကို နားမလည်ပေ။ ထို့နောက်ပိုင်း Miss Kimက သူ့ကို ထိုအတိုင်းသာပြောပြီး ထိုကလေးအား ဒီအခန်းကို လွှတ်တတ်သည်။

Miss Kimထွက်သွားပြီးနောက် သူအလုပ်ပြန်လုပ်လိုက်သည်။ ထိုကလေးက ချက်ချင်းဝင်လာမှာတော့မဟုတ်သေးဘူးလေ၊ သူအဝ လေပေါပြီးမှသာ ဝင်လာတတ်သည်။ အလုပ်လုပ်နေသည်ဆိုသောသူ၏အာရုံအစုံဟာလည်း အလုပ်တွင် မရှိချေ၊ တံခါးရွက်ဆီမှာ သူ့အာရုံအလုံးစုံက ဆင်းသက်နေသည်။ အာ့ကြောင့် ထိုကောင်လေး သူ့ဆီလာတာမကြိုက်တာ။

Black CatWhere stories live. Discover now