part-6

20 4 0
                                    

[zawgi]
"ဟေ့ရောင် ထယ်ယောင်း
မင်းတစ်ယောက်ထဲ နေနေမဲ့အစား ငါတို့ကောင်တွေနဲ့
တစ်ဖွဲ့ထဲလာ​ပေါင်းနေပါလား"

"ရပြီ မလိုဘူး"

"ငါမင်းကိုခေါ်တာ ဒါနဲ့ဆို သုံးကြိမ်မြောက်ရှိပြီ
ဒါနောက်ဆုံးအခေါက်ပဲ ငါတို့ဖွဲ့နဲ့လာပေါင်း"

"မပေါင်းတော့ဘူး"

"မင်းတစ်ယောက်ထဲ ဒီလိုနေနေတာ မပျင်းဘူးလား"

"မပျင်းဘူး ငါတစ်ယောက်ထဲလဲအဆင်ပြေတယ်"

"ဟုတ်ပြီလေ အဲ့လိုဆိုလဲ
ဟိုကောင်တွေကိုတော့ မင်းသတိထားပေါ့"

"ကျေးဇူးပဲ"

"ကျေးဇူးဆိုရင် ငါ့ကို ပိုက်ဆံနည်းနည်းနောက်ပေးအုံး
ငါဒီနေ့ ဆေးလိပ်မသောက်ရသေးတော့ ခံတွင်းချဉ်နေတာ
ဆေးလိပ်ဖိုးလဲမရှိဘူး တစ်ဗူးစာပဲ"

"မင်းတို့ကို ဆရာမိသွားမယ်နော်"

"မမိဘူး ငါတို့က အလိမ်ကျွမ်းနေပြီ"

"အဲ့ဆိုလဲရော့"

ရှိသမျှအကုန်ပါလာတဲ့ ဝမ်သုံးထောင်ပေးကာ
ထွက်လာခဲ့သည်

ဒီကောင်တွေအကြောင်းမသိရင် ခက်မည်
မိဘအသိုင်းအဝိုင်းကိုကြည့်ပြီး ပိုက်ဆံရှိတယ်ထင်နေကြသည် သူတို့အဖွဲ့နဲ့ပေါင်းရင် ပိုက်ဆံကိစ္စဆို ကိုယ့်အပေါ်ရောက်လာမှာ သေချာသည် ဒါပေမဲ့လဲ သဘောတော်ကောင်းကြပါတယ်

မနေ့ညကတည်းက အစာမစားရသေး မနက်ရောက်တော့
ဗိုက်က အချက်ပြနေပြီ ဗိုက်ဆံကလဲ ပေးလိုက်ပြီမလို့
မုန့်ဝယ်စားဖို့လဲ မကျန်တော့

ထုံးစံအတိုင်း ဗိုက်ဆာရင် သက်သာအောင် ရေအဝသောက်ဖို့
ကျောင်းအခမဲ့ထားသည့် ရေစဉ်ဆီသွားလိုက်သည်

"အိုး ထယ်ယောင်းကို အနောက်ကနေကြည့်တော့ မဟုတ်ဘူးထင်နေတာ"

"အော် ဟာနာ"

"ရေတွေ အများကြီးသောက်နေတာတွေ့လို့"

"အာ ဟုတ်တယ် ရေဓာတ်ခမ်းတယ်ထင်လို့"

"ထယ်ယောင်းအတွက် မုန့်ဝယ်လာတယ်
ပေါင်မုန့်ဆိုတော့ ထယ်ယောင်းသောက်ထားတဲ့ ရေတွေကို
ပြန်စုပ်ယူသွားမလားမသိပေမဲ့ မုန့်လေးယူလိုက်နော်"

You've reached the end of published parts.

⏰ Last updated: Jun 02, 2022 ⏰

Add this story to your Library to get notified about new parts!

Sweet CreamWhere stories live. Discover now