ထိုသတို့သားဟာ ငိုကြွေးနေမှုကို ရပ်တန့်ကာ ဘုန်းကြီးကျောင်းကြီးကို အသေအချာစိုက်ကြည့်နေတော့သည်။
ထို့နောက်....
"အသက်ငယ်...မောင့်အားလှည့်ကြည့်ပါလားကွယ်"
အေးစက်စက်ရှတတအသံဟာ တစ်ခဏအတွင်းမှာပဲ ဟိန်းထွက်လို့လာသည်။
ခွေးအူသံလဲ ရုတ်ချည်းငြိမ်သက်သွားခဲ့သည်။"ကောင်းကင်နဲ့မြေကြီးကို ကန်တော့မယ်.."
"မိဘတွေကို ကန်တော့မယ်..."
"ဇနီးမောင်နှံအချင်းချင်း ကန်တော့မယ်..."
အေးစက်စွာထွက်ပေါ်လာတဲ့ အသံနဲ့အတူ ထိုသတို့သားဟာလဲ တစ်ယောက်ထဲ မင်္ဂလာအမှုပြုနေတော့သည်။
"မင်္ဂလာသေရည်သောက်သုံးမယ်...."
ကြွေခွက်အပဲ့ကို ကိုင်ဆောင်ကာ သောက်သုံးလိုက်သည်။သတို့သားဟာ မျက်ရည်အသွင်သွင်စီးကျလို့နေသည်။
နောက်လိုက်အပေါင်းအပါးတွေကတော့ အပြုံးတွေပန်ဆင်ကာ လက်ခုပ်သြဘာတီးပေးနေသည်။
ထိုသူတွေရဲ့အပြုံးတွေဟာ စိတ်ပျက်ကြောက်ရွံ့ဖွယ်ကောင်းအောင်စက်ဆုပ်ဖို့ကောင်းလှသည်။
သတို့သားဟာ ဒူးထောက်ရာကနေ ထကာပြုံးတော့သည်။
သူ့စီမှာရှိနေတဲ့ ယုန်သွားနဲ့အတူ အစွယ်တွေပြူးထွက်နေအောင်ပြုံးနေရှာသည်။လရောင်မှိန်မှိန်အောက် ကြောက်စရာကောင်းလိုက်ပါဘိ။
"မင်္ဂလာအိပ်ဆောင်ဝင်လို့ရပါပြီး သခင်လေး"
စကားသံအဆုံး ထိုသတို့သားတစ္ဆေဟာ ဘုန်းကြီးကျောင်းပျက်ထဲသို့ တစ်လှမ်းခြေလှမ်းသွားလေသည်။
မိုးကောင်းကင်မှ မှိုင်းညှိ့ရီဝေကာ မိုးရေစက်များ တဖြိုဖြို တဖျောက်ဖျောက် ကျလာလေသည်။
ဝေါယာဉ်နားက တစ္ဆေအုပ်စုမှာလဲ မိုးရေတွေကြားကခုန် ငိုကြွေးနေကြသည်။
YOU ARE READING
အနဲ့စသော မင်္ဂလာ(အနဲ့စသော မင်္ဂလာ)
Fanfictionဟိုးရှေးအခါက တစ္ဆသတို့သားရှိတယ်တဲ့ ဟိုးရှေးအခါက တစ္ဆသတို့သားရှိတယ်တဲ့