Part-1

2.1K 126 0
                                    

I'm coming  see you ( Destiny)
.
Jung Yunho.......[ 37 yrs old ]

ကိုရီးယား နိုင်ငံ ၏.. အောင်မြင်ကျော်ကြား ပြီး..ကြွယ်ဝချမ်းသာသည့် စီးပွားရေး လုပ်ငန်းရှင်တစ်ဦး......မိဘမဲ့ တစ်ဦး ဖြစ်သည့် အလျောက်.. မည်သူ့ ကူညီထောက်ပံ့မှု မှမရှိဘဲ.. ဒီအခြေအနေ ရောက်အောင်. တစ်ကိုယ် တည်းအားထုတ်ကြိုးစားခဲ့သူ တစ်ဦး....

"သူ့ ကို အားကျ လိုက်တာ....ဘာမှ မရှိတဲ့.. အခြေအနေ ကနေတောင်. ဒီလောက်ထိအောင်မြင်လာအောင်.. တစ်ယောက်တည်း  ကြိုးစားခဲ့တာ.."

"ငါကတော့..သူကို.လုံးဝ အားမကျဘူး...ကြည့်ပါလား....သူ့ ကြည့်လိုက်ရင်.. မရယ် မပြုံးနဲ့....သူ့မှာ.. ချစ်ခြင်း မေတ္တာ တို့.. သံယောဇဉ် ဆိုတာ ရှိရဲ့လား..မသိဘူး."

"ဘ၀ မှာ..ငွေကြေးဥစ္စာ.. ထက်.. ချစ်ခြင်းမေတ္တာ က ပိုအရေးကြီးတယ်..ဟ..."

ဒီစကားကို.. လွန်ခဲ့တဲ့.. ဆယ့်ငါး နှစ်ကျော်က.. Jung Yunho ဆိုတဲ့.. ကောင်လေးတစ်ယောက်လည်း...ပြောခဲ့ဖူးပါတယ်...ခုချိန်မှာတော့.. ဒီစကားက.. သူအတွက်.. ရယ်စရာ ကောင်းနေသလို.......သူ ခုလို ဆယ့်ငါးနှစ်လုံးလုံး. စီးပွားရေး ကိစ္စတွေ အပေါ်မှာ.. စိတ်ရော.ကိုယ်ပါ နှစ်ပြီး လုပ်ကိုင်ခဲ့တာကလည်း..ချစ်ခြင်းမေတ္တာ တို့.. သံယောဇဉ် တို့ကို နောက်ထပ်.မလိုချင် မတွေ့ချင်တော့လို့ အခုလို.. နေထိုင်ခဲ့တာပါ.....

ခုချိန်မှာ.သူ အတွက်. အလုပ်က လွဲရင်.. ဘ၀မှာ..ဘာမှ မရှိဘူး........ ငြီးငွေ့ဖို့ကောင်းပေမယ်. သူ့အတွက်တော့ ရိုးနေပါပြီ..

သူ့ ရဲ့. ကလေးဘ၀ကတော့.. မိဘဲမဲ့ ဂေဟာ မှာဘဲ.ဖြတ်သန်း ခဲ့ရတာပါ...သူများကလေးတွေလို့.. မိဘ မေတ္တာ ကို မခံစား ခဲ့ရပေမယ့် သူ့ရဲ့.. ကလေး ဘ၀ ကတော့.. တစ်စုံတစ်ယောက် ကြောင့်..ပျော်ရွင်စွာ.. ဖြတ်သန်းနိုင် ခဲ့ပါတယ်..

~Kim Jaejoong~

သူ့ ဘ၀..ရဲ့. တစ်ဦးတည်းသော တန်ဖိုးအထားရဆုံး နဲ့မြတ်နိုးခဲ့ရသော သူ.......ငယ်ငယ်တည်းက သွားအတူ..စားအတူ အမြဲတမ်း.တတွဲတွဲ နဲ့မို့.. အခြားကလေးတွေ ကတောင်. မနာလို ဖြစ်ရတယ်လေ..... မွေးရာပါ..နှလုံးရောဂါ..ကြောင့် ငယ်ငယ်တည်းက ချူချာတတ်လွန်းလို့.. သူ အမြဲ ဂရုစိုက်ခဲ့ ရတဲ့ သူပေါ့....

I'm coming to see youWhere stories live. Discover now