အိပ်ခန်းလေးက. မီး အမှောင် ချထားတဲ့အပြင်..ပြတင်းပေါက်တွေပါ ပိတ်ထားတာမို့. မှောင်မဲနေဆဲ...
အခန်းလေးရဲ့ ခုတင်ကြီး ပေါ်မှာကတော့.. နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျနေတုန်း ဖြစ်တဲ့ ကောင်းလေး
ရုတ်တရက် လိုက်ကာ တွေကို ဖွင့်လိုက်တော့.အပြင်ကနေရောက်ခြည်က အိပ်ခန်းလေးက ခုတင်ဆီသို့.စူးရှ စွာ ကျဆင်းလာလေသည်။...
"Hmm... ဘာလို့ တံခါးဖွင့်လိုက်တာလဲ..
နေရောင် ကြောင့် မျက်စိကျိန်းပြီးနိုးသွားပေမယ့်..အိပ်ရတာ ၀သေးတဲ့ ပုံ မပေါ်..ကိုယ်ပေါ် ခြုံလွှားထားတဲ့ စောင်ကို ခေါင်းပေါ်ထိ လွှမ်းခြုံရင်း ဆက်အိပ်ဖို့ ကြိုးစားလေ၏..
" Hey.. , ထတော့လေ... ဒီနေ့ တက္ကသိုလ် စတက်ရမယ်လေ...
ပထမဆုံးနေ့မှာ စောစော သွားရမယ်လေ...Yunho က သူခြုံထားတဲ့ စောင်ကို ခွာလိုက်ရင်းပြောလေသည်။...
အရင်တုန်းကတော့.. ဒီချိန်ဆို ဖုန်းဆက်ပြီး နိုးနေရတာ.
ခုတော့ မနက်ခင်းတိုင်း..သူ့ ကို အနီးကပ် နိုးလိုရပြီလေ..
ခုဆို Karam က အထက်တန်းကျောင်းသား မဟုတ်တော်ဘူးလေ.
တက္ကသိုလ် စတတ်တော့မှာ...တက္ကသိုလ်က အိမ်နဲ့တော်တော်ဝေးလို့. အဆောင်နေပြီး.တက်ရမှာ ဆိုပေမယ့်.. Yunho က သူ အဆင်ပြေအောင်ဆိုပြီး ကျောင်းနဲ့ နီးနီးနားနားမှာ. အိမ်တစ်လုံး ၀ယ်ပေးထားသည်။..
အမှန်က နှစ်ယောက် အတူတူ နေချင်တာလည်း ပါမည်။အထက်တန်းလည်း ပြီးသွားပြီဆိုတော့ မိဘတွေကလည်း သူတို့ နှစ်ဦးကို ခွင့်ပြုလိုက်ကြသည်။..
.............................
"ထကွာ.. Jae ကလည်း. အောက်မှာ မနက်စာပြင်ပြီးပြီ.. ရေမိုးချိုပြီး. စားရအောင်. ပြီးရင် ကျောင်းလည်းသွားရဦးမယ်..
" Hmmm. ခဏ လေးပါ. 5မိနစ်ထဲ...
Karam က အိပ်ရာထဲက နေ မျက်လုံးမဖွင့်ပဲ ညဉ်းရင်း ပြန်ပြောလေ၏..
"အေးနော်.. ခု ထရင် ထနော်..မဟုတ်လို့ကတော့. ထလို့ မရတော့ပါဘူးဆိုပြီး ဖြစ်သွားအောင်လုပ်ပစ်လိုက်မှာ..