EP.17🔥

11.9K 156 3
                                    

[Zawgyi]
🍑ကီရာ 🍑

     💦ep.17💦
(ဤဇာတ်လမ်းသည် စာရေးသူရဲ့ စိတ်ကူးဖြင့် ဖန်တီးထားခြင်းသာ)

(ချေ ရေးနေကျအတိုင်း အရိုင်းဆန်ဆန်စကားလုံးတွေကိုဘဲ ပွင့်ပွင့်လင်းလင်းသုံးနှုန်းထားတာမို့ ကြိုက်မှ ဖတ်ပါ..21+နော်)

ကီရာလဲ သက်သာလာပြီမို့ ဆေးရုံကနေ ဆင်းလာခဲ့တယ်။

""ကီရာ..ငါမင်းကိုလာပြီး နုတ်ဆက်တာ..""

ဂျန်ဆယ် ကို ကီရာ ‌ပြုံးပြလိုက်ရင်းနဲ့.

""ပြန်တော့မလို့လား..ဂျန်ဆယ်..""

""အင်း..ငါဆီမှာ လုပ်စရာတွေက အများကြီးရှိသေးတယ်လေ..လက်ခံထားတဲ့ ကြော်ငြာတွေနဲ့ ရိုက်လက်စ ဇာတ်ကားတွေကိုလဲ အပြီးသတ်ရဦးမှာဆိုတော့..မြို့တော်ကိုပြန်မှဖြစ်တော့မှာ..""

""အွန်း ..ဒါနဲ့ တစ်ယောက်တည်း ပြန်မှာလား..""

""..မဟုတ်ဘူး..နေသန်နဲ့အတူ ပြန်မှာ.."'

"".ဟုတ်လား..ကောင်းတာပေါ့..ဂျန်ဆယ်အတွက် .အဖော်ရတာပေါ့..""

ကီရာစကားကြောင့် ဂျန်ဆယ် နူးညံ့စွာ ပြုံးတုံ့လိုက်ပြီး.

""အင်း..ဟုတ်တယ်..နေသန်က..ငါ့အတွက်.တစ်ဘ၀လုံးအားကိုးရမဲ့ အဖော်တစ်ယောက်ဘဲလေ..""

""ဂျန်ဆယ်..မင်းတစ်ဘ၀လုံး ပျော်ရွှင်ပါစေလို့..ငါအမြဲဆုတောင်းပေးနေမယ်နော်..""

""ကျေးဇူးတင်ပါတယ် ကီရာ..ငါလဲ..မင်းအမြဲပျော်ရွှင်ပါစေလို့..ဆုတောင်းပေးပါတယ်..""

ဂျန်ဆယ် က ‌သိမ်မွေ့နူးညံ့စွာ ပြုံးတုံ့ရင်း ကီရာအား ပွေ့ဖက်နုတ်ဆက် လိုက်ပြီး..ထွက်ခွာသွားလေတော့သည်။

❤️❤️❤️

ကီရာ တစ်ယောက်တည်း ကမ်းစပ်မှာ  ထိုင်ရင်း နေ၀င်‌ချိန်အလှတရားအား ငေးကြည့်နေမိသည်။

ပင်လယ်ပြင်အား ဖြတ်သန်းပြီး တိုက်ခတ်လာသော လေအေးများကို ကီရာ တစ်ဝကြီး ရှုသွင်းနေမိသည်။

""ဘေဘီ .ဘာတွေကို တွေးနေတာလဲ..""

လဲ‌ဆိုသော အသံနဲ့အတူ ကီရာအနားကို အီဟန်နဲ့ ဇီနွန်တို့ နှစ်ဦး ရောက်လာခဲ့လေသည်။

ကီရာWhere stories live. Discover now