part 2

9 5 4
                                    


ZG

" အ ကျွတ် ကျွတ် ခေါင်းကိုက်လိုက်တာ''

သတိရရချင် ခေါင်းကကိုက်တော့ သိပ်ပြီးစိတ်ကမကြည်။
ခဏကြာ နှာခေါင်းထဲပိုးသတ်ဆေးအနံက တန်းနေအောင်ရောက်လာတာကြောင့် ပိုပြီးစိတ်ညစ်စေသည်။ ငယ်ငယ်ကတည်းကပိုးသတ်ဆေးအနံကိုမုန်းလို့ ဆေးရုံကိုတောင်မသွား၊နေမကောင်းရင် ဆေးသောက်ပြီး ကြိတ်ခံတာ။

"နေပါအုံး ငါဘယ်လိုလို ဆေးရုံရောက်နေပါလိမ့်''

ဘေးဘီမျက်လုံးကစားကြည့်တော့လဲ သူနဲ့ ဆေးရုံက ပစ္စည်းတွေကလွဲလို့ဘာမှ ရှိမနေ 'ချလောက်' တံခါးဖွင့်သံကြားလို့ ဆရာဝန်အထင်နှင့် လဲလျောင်းနေကာပင် တံခါးစီအကြည့်ပို့လိုက်တော့

"အော် သတိရပြီလား''

"အမလေး ဘုရား ဘုရား''

သူအခန်းထဲ ဝင်လာတဲ့သူကြောင့် ဘုရားပင်'တ'မိသည်အထိ ထိတ်လန့်သွားသည်

"ဘာဖြစ်တာလဲ မသက်သာဘူးလား''

ဒီကောင်မလေး သူ့ကိုတွေ့မှ ဘုရား'တ'ရတဲ့အထိ သူက ကြောက်ဖို့ကောင်းနေလို့လား မသိရင်ငါကပဲ သရဲကျလို့

"မ...မဟုတ်ပါဘူး သက်သာပါတယ် ဒါနဲ့လေ ဆေးရုံကို အကိုဂျွန်ခေါ်....''

"ဟုတ်တယ် ငါခေါ်လာတာ''

ကောင်မလေး စကားမဆုံးခင် ဖြတ်ပြောလိုက်သောကြောင့် အနည်းငယ်ရိုင်းသွားပင်မဲ့ မတတ်နိုင်ဘူး

"မင်းသက်သာတယ်ဆို ငါကိစ္စလေရှိလို့အပြင်သွားလိုက်အုံးမယ် အဆင်ပြေတယ်မလား''

"ဟုတ် အဆင်ပြေပါတယ် ရတယ်သွားပါ''

မပြေလို့လဲမရဘူးလေ သူ့idolအကြောင်းသူ့အသိ့ဆုံး မပြေလဲသွားမှာပဲကို ဟွန့်

"အင်း ငါမင်းအိမ်ကို ဖုန်းဆက်ပေးထားတယ် ဒါဆို သွားတော့မယ် နားနားနေနေ နေ''

"ဟီးဟီး ဟုတ်ကဲ့ ကျေးဇူးပါ''

တစ်ဖြေးဖြေး ဝေးကွာသွားတဲ့ကျောပြင်ကို ငေးကြည့်ကာ အမလေးနော် ပျော်လွန်းလို့ သေတော့မယ် ငါ့ကောင်လေးသာ ဖြစ်လိုက်ပါတော့လား ရွှေလိုဥပြီး ပါးစပ်ထဲ ငုံထားလိုက်မယ်

You've reached the end of published parts.

⏰ Last updated: Jun 01, 2022 ⏰

Add this story to your Library to get notified about new parts!

Love IdolWhere stories live. Discover now